မတူပီမြို့တွင် ခရစ်ယာန်အမူတော်ဆောင်တစ်ဦးအပါအဝင် လူငယ် (၄) ဦးကို စစ်တပ်မှဖမ်းဆီးပြီး ယခုအချိန်ထိ ပြန်မလွှတ်ပေးသေး

မတူပီမြို့တွင် ခရစ်ယာန်အမူတော်ဆောင်တစ်ဦးအပါအဝင် လူငယ် (၄) ဦးကို စစ်တပ်မှဖမ်းဆီးပြီး ယခုအချိန်ထိ ပြန်မလွှတ်ပေးသေး

ချင်းပြည်နယ်၊ မတူပီမြို့တွင် မတ် ၁၀ ရက် ညပိုင်း ၉ နာရီအချိန်က ခရစ်ယာန်အမှုတော်ဆောင်တစ်ဦးအပါအဝင် လူငယ်လေးဦးကို စစ်တပ်ကဖမ်းဆီးခဲ့ပြီး ယခုအချိန်ထိ ပြန်မလွှတ်ပေးသေးကြောင်းသိရသည်။

 

မတူပီမြို့မှ လူငယ်တစ်ဦးက “မနေ့ညက လမ်းသွားလမ်းလာသူတွေကို ပိတ်ပြီးတော့ဖမ်းတာ လူငယ်ပါစတာအပါအဝင် လေးယောက်ပေါ့၊ ဖမ်းတော့ ရဲစခန်းမှာ ရဲအင်အားသိပ်မရှိတော့ ဗျုဟာကိုတန်းပါသွားတာပေါ့၊ မပါသွွားခင်မှာလည်း ထိုးတယ်၊ ကြိတ်တယ် ရိုက်််နှက်တယ်၊ မနေ့ညကတော့ ကျွန်တော်တို့ ရဲစခန်းထိ သွားပြီးတောင်းတော့လည်းမရှိဘူး၊ ဗျုဟာကလည်းညကြီးဆိုတော့ မလုံခြုံတော့မသွားကြဘူး၊ ဒီမနက်ကို အမျိုးသမီးအဖွဲ့စည်းရော မြို့မိ၊ မြို့ဖရော သွားတောင်းမယ်လို့ပြောတယ်” ဟု ပြောသည်။

 

မတူပီမြို့မှ ဖမ်းဆီးခံရသူမှာ ကိုစိုင်းနောလာ၊ ဆရာဗျက်ထန်၊ အားငွန်း၊ ဆန်းဒေးဗစ်တို့ဖြစ်ကြပြီး အသက် ၂၀ နှစ်မှ ၃၅ နှစ်အရွယ်လူငယ်များဖြစ်ကြကာ မိသားစုကိစ္စဖြင့် အပြင်ထွက်သွားလာချိန်တွင် စစ်သားများမှ စန်ဘောင်လမ်းဆုံတွင် တားဆီးပြီး ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

 

ယမန်နေ့ နေ့လည်ပိုင်းတွင်လည်း စစ်သားများက သပိတ်တွင်ပါဝင်သည်ဟု သံသယရှိသော လူတစ်ဦး၏အိမ်ကို အိမ်တံခါးသော့ပျက်စီးပြီး ဝင်ရောက်ရှာဖွေသော်လည်း မတွေ့သဖြင့် ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း သိရသည်။

 

ထို့ပြင် သပိတ်တွင်အသုံးပြုသော မိတ္တူနှင့် ဗီနိုင်းများထုတ်ပေးသည်ဟု ယူဆသည့် မိတ္တူဆိုင်များကိုလည်း ဝင်ရောက်ရှာဖွေခဲ့ကြောင်းသိရသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...