Published
Thursday, March 11, 2021
ထန်တလန်တွင် ယမနေ့ညက ဖမ်းဆီးခံထားရသူ ပြန်မလွတ်ပေးသေးတာကြောင့် လူငယ်များမှ သွားရောက်ဝိုင်းရံရန်ပြင်ဆင်
မာဂရက် – ချင်းပြည်နယ်၊ ထန်တလန်မြို့မှ လူငယ်ခေါင်းဆောင် ဆလို်င်းကျုံးဘွဲလျန်ကို စစ်တပ်မှ ဖမ်းဆီးခေါ်ဆောင်သွားပြီး ယခုအချိန်ထိ ပြန်မလွတ်ပေးသေးတာကြောင့် ထန်တလန်မြို့ရှိ လူငယ်များက ယခုနေ့ခင်းတွင် တပ်ကုန်းထိ သွားရောက်ဝန်းရံသွားမည်ဖြစ်ကြောင်းသိရသည်။
မတ်လ ၁၀ ရက်နေ့ ညနေ (၆) နာရီအချိန်က စစ်တပ်မှ “ မေးစရာရှိလို့” ဆိုပြီး ဖမ်းဆီးခေါ်ဆောင်သွားသောကြောင့် ညတွင်းချင်း လူငယ်များက ထန်တလန်မြို့ရဲစခန်းတွင် သွားရောက်ပြီး ပြန်လွတ်ပေးရန် တောင်းဆိုခဲ့ပြီး အာဏာပိုင်များမှ ယနေ့မနက် (၈)နာရီတွင် ပြန်လွှတ်ပေးမည်ဟု ကတိပေးခဲ့သဖြင့် လူစုခွဲပေးခဲ့သော်လည်း ယခုအချိန်ထိ လွှတ်မပေးသေးကြောင်း သိရသည်။