ချင်းပြည်နယ်အတွင်း မြို့နယ်ရှစ်မြို့နယ်တွင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်းမှုပြီးစီး

ချင်းပြည်နယ်အတွင်း မြို့နယ်ရှစ်မြို့နယ်တွင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်းမှုပြီးစီး

ချင်းပြည်နယ်အတွင်း မြို့နယ်ကိုးခုရှိသည့်အနက် မြို့နယ်ရှစ်ခုတွင် မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ပြီးစီးကြောင်း ချင်းပြည်နယ်၊ လွတ်တော်ကိုယ်စားပြုကော်မတီ (CRCH) က မတ် ၉ ရက်က ထုတ်ပြန်ကြေညာခဲ့သည်။

 

ချင်းပြည်နယ် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်းပြီးစီးသည့် မြို့နယ်များမှာ မင်းတပ်၊ ကန်ပလက်၊ မတူပီ၊ ဖလမ်း၊ ထန်တလန်၊ တွန်းဇံ၊ တီးတိန်း၊ ဟားခါးမြို့တို့ဖြစ်ကြပြီး ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တခုသာ ကျန်ရှိနေကြာင်း သိရသည်။

 

ချင်းပြည်နယ် လွှတ်တော်ကိုယ်စားပြုကော်မတီအဖွဲ့၀င် မင်းတပ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဟုန်းနိုင်းက “ကျွန်တော်တို့မြို့နယ်က အားလုံး ကိုးမြို့နယ်ရှိတယ်၊ လောလောဆယ် ဖွဲ့စည်းနိုင်တဲ့မြို့နယ်က (၈) မြို့နယ်ရှိတယ်၊ မဖွဲ့နိုင်တာက ပလက်ဝပဲ၊ ဘာကြောင့် မဖွဲ့နိုင်တာလဲ အကြောင်းပြချက်တွေရှိလိမ့်မယ်ထင်တယ် သူတို့ပဲ အသိဆုံးဖြစ်မယ်၊ ကျွန်တော်တို့လည်းမသိဘူး၊ ဒီနေ့ဖွဲ့စည်းနိုင်တယ်လို့တော့ကြားတယ် ဒါပေမယ့် လွှတ်တော်ကိုယ်စားလှယ်တွေက ပိုသိလိမ့်မယ်” ဟု ပြောသည်။

 

မြို့နယ်အလိုက် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွင် လွတ်တော်ကိုယ်စားလှယ်များ၊ ရပ်မိ-ရပ်ဖ ကိုယ်စားလှယ်များ၊ CDM တွင်ပါဝင်သော ကိုယ်ထမ်းကိုယ်စားလှယ်များ၊ CDM လူငယ်ကိုယ်စားပြုလူငယ်များ၊ CDM တွင် ဝန်းရံသူများပါဝင်ကြောင်း သိရသည်။

 

မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များအနေဖြင့် ရပ်ကွက်/ကျေးရွာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များကို တာဝန်ခံပြီး ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ အချင်းချင်း ချိတ်ဆက်ဆောင်ရွက်သွားကာ ဒေသခံပြည်သူများ၏ လုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားစီရင်ရေးကိစ္စရပ်များအတွက် ချင်းအက်/ချင်းရိုးရာဓလေ့ထုံးတမ်းများဖြင့်သာ စီရင်ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...