နိုင်ငံရေးမတည်ငြိမ်မှုကြေင့် အဝေးပြေးယာဉ်များ ခရီးသည်ပို့ဆောင်ရေးထက် ကုန်စည်တင်ပို့မှုကိုသာ ဦးစားပေးလုပ်ဆောင်နေရ

နိုင်ငံရေးမတည်ငြိမ်မှုကြေင့် အဝေးပြေးယာဉ်များ ခရီးသည်ပို့ဆောင်ရေးထက် ကုန်စည်တင်ပို့မှုကိုသာ ဦးစားပေးလုပ်ဆောင်နေရ
by -
စိုင်းထွန်းစံ (MNA)

နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် အဝေးပြေးမော်တော်ယာဉ်များ ခရီးသည်ပို့ဆောင်ရေးထက် ကုန်စည်တင်ပို့မှုကိုသာ ဦးစားပေးလုပ်ဆောင်နေရကြောင်း သိရသည်။

အဝေးပေးယာဉ်များအနေဖြင့် ကိုဗစ်ဒုတိယလှိုင်းစတင်သည့် ၂၀၂၀ ခုနှစ် စက်တင်ဘာလမှစ၍ ပြေးဆွဲမှုရပ်နားခဲ့သော်လည်း လက်ရှိအချိန်တွင် ပြည်နယ်နှင့် တိုင်းဒေသကြီးအားလုံးတွင် အသွားအလာကန့်သန့်ထားခြင်း မရှိတော့သော်လည်း ပုံမှန်ပြေးဆွဲရန် အခက်အခဲဖြစ်ပေါ်လျက်ရှိသည်ဟု ဆိုသည်။  

“ညဘက်သွားလာတဲ့အခါကျတော့ မော်လမြိုင်ကနေ ရန်ကုန်သွားမယ်ဆိုရင် အမြန်လမ်းပေါ်မှာတော့ သွားလို့ရတယ်။ ဒါပေမယ့် မြို့ထဲဝင်ခါနီးဆို ဆက်သွားလို့မရတော့ဘူး။ မြို့ပြင်မှာပဲနေရတာ လေးနာရီမထိုးမချင်း စောင့်ရတာ ခရီးသည်တွေလည်း ကားပေါ်မှာအိပ်ရတာပေါ့” ဟု မော်လမြိုင်မှ ရန်ကုန်သို့ လုံးချင်းယာဉ်မောင်းသူတစ်ဦးက ပြောသည်။

ထို့ပြင် ခရီးသည်နည်းပါးလာသောကြောင့် ကုန်စည်တင်ပို့မှုသာ လုပ်ဆောင်နေရကြောင်း သံဖြူဇရပ်အဝေးပြေးဂိတ်ရှိ မန္တလာမင်း Express တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“ခရီးသည်ပို့ဆောင်တာ မသွားဖြစ်တော့ဘူး။ ကုန်စည်နဲ့ပဲလိုင်းတွေ ပြေးဆွဲနေတာပေါ့ ကုန်စည်စီးဆင်းမှုတွေ လည်းအား နည်းတော့ မရှုံးရုံတမယ်လေးပဲ ထွက်နေရတယ်။ ခရီးသည်တင်တဲ့ကားတွေတော့ရှိတယ်။ အပြည့် တော့ မတင်ကြဘူး။ ပုံမှန်ဖောက်သည်လောက်နဲ့  သွားကြတာတော့ရှိတယ်” ဟု ၎င်းက မွန်သတင်းအေဂျင်စီသို့ ပြောသည်။

ခရီးသွားပြည်သူများအနေဖြင့် Covid-19 ကင်းရှင်းကြောင်း ထောက်ခံစာမလိုအပ်သည့်အပြင် နိုင်ငံရေးအခြေအနေကြောင့် လမ်းခရီးပိတ်ဆို့မှုများလည်းမရှိသေးကြောင်း သိရသည်။

လက်ရှိနိုင်ငံရေးအခြေအနေအရ နိုင်ငံတစ်ဝှမ်းမြို့နယ်အသီးသီးတွင် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသဖြင့် ည ၈ နာရီမှ နံနက် ၄ နာရီအချိန်အတွင်း အသွားအလာကန့်သန့်ထားကြောင်း၊ မြို့ပေါ်အသီသီးတွင် လူစုလူဝေးဖြင့် နေ့စဉ် ဆန္ဒပြမှုများဖြစ်ပေါ်လျက်ရှိရာ လုံခြုံရေးတပ်ဖွဲ့များက သေနတ်ပစ်ဖောက်၍ လူစုခွဲမှုများရှိနေကြောင်း၊ မြို့အဝင်/အထွက်များတွင် ရဲနှင့်စစ်သား လုံခြုံရေးတပ်ဖွဲ့များက မော်တော်ယာဉ်များကိုရပ်တန့်စေ၍ ဖုန်းများကို စစ်ဆေးမှု များပြုလုပ်လျက်ရှိကြောင်း သိရသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...