သံတွဲတွင် အာဏာရှင်ကိုဆန့်ကျင်ဆန္ဒပြ၍ ဖမ်းဆီးခံရသူများကို ရုံးထုတ်ခြင်းမရှိဘဲ ရက်ထပ်မံရွှေ့ဆိုင်း

သံတွဲတွင် အာဏာရှင်ကိုဆန့်ကျင်ဆန္ဒပြ၍ ဖမ်းဆီးခံရသူများကို ရုံးထုတ်ခြင်းမရှိဘဲ ရက်ထပ်မံရွှေ့ဆိုင်း
by -
ထွန်းခိုင် (နိရဥ္စရာ)

ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြ၍ ဖမ်းဆီးခံရသူများအား မတ် ၈ ရက် ဒုတိယအကြိမ် ရုံးထုတ်ရက်တွင် ရုံးထုတ်ခြင်းမရှိဘဲ လာမည့် ၁၈ ရက်နေ့သို့ ထပ်မံချိန်းလိုက်ကြောင်း သိရသည်။

အာဏာရှင်ကို ဆန့်ကျင်ကြောင်း ဆန္ဒပြသဖြင့် ဦးခင်မောင်၊ ကိုရန်ပိုင်ထွေး၊ ကိုအောင်ခိုင်မြင့်နှင့် မမြဝင်းတို့ဖမ်းဆီးခံခဲ့ရပြီး ရုံးထုတ်ရက်ဖြစ်သည့် မတ် ၈ရက်တွင် ဖမ်းဆီးခံရသူများ၏မိသားစုဝင်များက တရားရုံးတွင် သွားရောက်စေင့်ဆိုင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးခံရသူ ဦးခင်မောင်၏ သမီးဖြစ်သူ မချစ်စုလွင်က “ရှေ့နေတွေကတော့ လျှောက်လဲချက်တွေပေးကြတယ်။ ရုံးမထုတ်ဘူး။ ကျွန်မတို့ကလည်း ရုံးထုတ်ဖို့ထင်လို့ စောင့်နေကြတာ။ ရုံးမထုတ်ဘူး” ဟုပြောသည်။

ဖမ်းဆီးခံရသူများ အာမခံရရှိရန် မိသားစုဝင်များကလိုလားနေပြီး အပြင်ကနေအမှုရင်ဆိုင်နိုင်ရန် ကြိုးပမ်းသွားဖြစ်ကြောင်း သိရသည်။

“ရုံးထုတ်လာမှာကို ကျွန်မတို့လည်း မျှော်နေကြတယ်။ ရုံးထုတ်လာလို့ ပြောဆိုဆွေးနွေးပြီးရင် အာမခံရစေချင်တယ်။ ကျွန်မတို့မှာက စားဝတ်နေရေးတွေလည်း မှေးမိန်းလာပြီလေ။  အဲဒါကြောင့် ကျွန်မတို့က အာမခံတွေ ရထားလို့ရှိရင် အပြင်ကနေ အမှုရင်ဆိုင်ပြီးတော့  အိမ်မှာလည်း စားဝတ်နေရေးတွေ လှည့်ပတ်လို့ ရတယ်ပေါ့။ အခုကကျတော့ ကျွန်မတို့မှာ စားဝတ်နေရေးတွေလည်း အဆင်မပြေဘူး” ဟု မချစ်စုလွင်က ပြောသည်။

အဆိုပါအမှုနှင့်ပတ်သက်၍ လိုက်ပါဆောင်ရွက်ပေးနေသူ ရှေ့နေ ဦးသော်ဇင်ထွဋ်အား ဖုန်းဖြင့် အကြိမ်ကြိမ်ဆက်သွယ်မေးမြန်းရန် ကြိုးစားခဲ့သော်လည်း အဆက်အသွယ် မရရှိခဲ့ပေ။

၄င်းတို့သည် ပြီးခဲ့သော ဖေဖော်ဝါရီ ၂၇ ရက် နံနက် ၁၀ နာရီအချိန်ခန့်က သံတွဲမြို့၊ မာဃလမ်းတွင် အထိုင်သပိတ်ပြုလုပ်နေစဉ်ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး၊ ဦးခင်မောင်သည် ဖမ်းဆီးမှုများကို သွားရောက်ကြည့်ရှုစဉ် ဆန္ဒပြသူများနှင့်ရောနှောကာ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ လေးဦးအား ငြိမ်းစုစီဥပဒေပုဒ်မ ၁၉ နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ တို့ဖြင့် မတ် ၁ ရက်က တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...