ANP မှ နုတ်ထွက်စာတင်ထားသော အမတ်အများစု AFP နှင့်ပူးပေါင်း

ANP မှ နုတ်ထွက်စာတင်ထားသော အမတ်အများစု AFP နှင့်ပူးပေါင်း
by -
ထွန်းခိုင် (နိရဥ္စရာ)

ရခိုင်အမျိုးသားပါတီ (ANP) မှ နုတ်ထွက်စာတင်ထားသော အမတ်အများစု ရခိုင့်ဦးဆောင်ပါတီ (AFP) နှင့် ပူးပေါင်းခဲ့ကြောင်း AFP ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်ဦးက ပြောသည်။

“ဟိုဖက်က ထွက်တာကတော့ ထွက်နေကြတယ်။ ဒါပေမယ့် ကျွန်တော်တို့ဆီမှာ ပါတီဝင်ဖို့ဆိုတာနဲ့ ပါတီနေရာချထား ဖို့ဟာကိုတော့ ဖြည်းဖြည်းချင်းလုပ်ရဖို့ဖြစ်တယ်။  အဲဒါကြောင့် အရေအတွက်ကိုတော့ ကျွန်တော်တို့ အတိအကျ ပြောလို့မရဘူး။ ကျနော်တို့ အသေအချာပြောနိုင်တာက ဟိုဖက်က ထွက်လာတဲ့လူတွေအားလုံးက ကျွန်တော်တို့နဲ့ စကားပြောတာရှိတယ်” ဟု ၎င်းက ပြောသည်။

ရသေ့တောင်မြို့နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးခင်မောင်လတ်က (ANP) ပါတီမှ နုတ်ထွက်ရခြင်းမှာ ပါတီတွင်း အတိုက်အခိုက်များလာသဖြင့် ထွက်ရခြင်းဖြစ်သည်ဟုဆိုသည်။

“ပါတီနဲ့ ကင်းကွာလာတာကတော့ ရသေ့တောင်ကြားဖြတ်ရွေးကောက်ပွဲနောက်ပိုင်း ပါတီနဲ့ ကင်းကွာလာတယ်။ ပါတီထဲက လူတွေက ကိုယ့်ကို အတိုက်အခိုက်တွေများလာတယ်။ အေးအေးဆေးဆေး နေလို့မရဘူး။  အဲဒါကြောင့် ပါတီက ထွက်လိုက်ရတယ်။ အစခါတော့ ပါတီက ထွက်ဖို့အစဉ်အစီမရှိသေးဘူး။ AFP ပါတီနဲ့ ပူးပေါင်းလာတာမဟုတ်ဘူး။ အဲဒီပါတီဖြစ်မြောက်ရေးမှာ ကိုယ်တိုင်က အကူအညီပေးပြီး  ပါဝင်နေတာ” ဟု ၎င်းက ပြောသည်။

ANP မှ နုတ်ထွက်စာတင်ထားပြီး AFP ပါတီနှင့် ပူးပေါင်းလာသူများမှာ စစ်တွေမြို့နယ်၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဝေစိန်အောင်၊ ဘူးသီးတောင်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်ဟောင်း ဦးအောင်သောင်းရွှေ၊ ကျောက်ဖြူမြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လွင်နှင့် တခြား ANP မှ နုတ်ထွက်စာတင်ထားသော လွှတ်တော်ကိုယ်စားလှယ်အများစုလည်း ပူးပေါင်းလာကြောင်း သိရသည်။

ANP ပါတီမှ နုတ်ထွက်လိုသူများမှာ နုတ်ထွက်စာတင်ထားသော်လည်း ပါတီမှ တရားဝင်နုတ်ထွက်ခွင့်မရသေး ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးခင်မောင်လတ်က ကဆက်လက်ပြောသည်။

ပြီးခဲ့သော နိုဝင်ဘာ ၈ ရက်က ကျင်းပသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင်လည်း ၄င်းတို့အနေဖြင့် ပါတီမှ နုတ်ထွက်မရသေးသည့်အတွက် တစ်သီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရကြောင်း ဦးခင်မောင်လတ်က ပြောသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...