ရှမ်းပြည်နယ် စီမံဘဏ္ဍာဝန်ကြီး ဦးစိုးညွန့်လွင်ကို တတိယအကြိမ်ဖမ်းဆီး

ရှမ်းပြည်နယ် စီမံဘဏ္ဍာဝန်ကြီး ဦးစိုးညွန့်လွင်ကို တတိယအကြိမ်ဖမ်းဆီး
by -
ယိင်းတိုင်း (သျှမ်းသံတော်ဆင့်)

ရှမ်းပြည်နယ် စီမံဘဏ္ဍာဝန်ကြီး ဦးစိုးညွန့်လွင်ကို ရန်ကုန်မြို့ရှိ တိုက်ခန်းတစ်ခုအတွင်းသို့ မတ် ၅ ရက်ည ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ယင်း ဖမ်းဆီးမှုတွင် ဦးစိုးညွန့်လွင်နှင့် အတူ လွိုင်လင်မြို့မှ NLD ဥက္ကဌ ဦးရဲလှိုင်ပါရှိပြီး စစ်တပ်မှ အာဏာသိမ်းယူပြီးနောက်တွင် ဦးစိုးညွန့်လွင်အား တတိယအကြိမ်မြောက် ဖမ်းဆီးခြင်းဖြစ်သည်။

ဦးစိုးညွန့်လွင် အနေနှင့် တိမ်းရှောင်နေသည့်ကာလတွင် ၎င်း၏ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ထုတ်ပြန်ချက်များ၊ CDM ပါဝင်မှုနှင့် ပတ်သက်သည့် သတင်းအချက်အလက်များ၊ ရှမ်းပြနည်နယ်အတွင်း ဖမ်းဆီးခံထားရသူများ၏ စာရင်းမှတ်တမ်းများ၊ ရှမ်းပြည်နယ် လွတ်တော်ကိုယ်စားပြုကော်မတီဖွဲ့စည်းခြင်း စသည့် အချက်အလက်များအား အစဉ်တစ်စိုက် ပြည်သူများထံ သတင်းပေးရေးသား ထားသည်ကို တွေ့ရသည်။

ဖမ်းဆစစ်တပ်မှ အာဏာသိမ်းယူပြီးနောက်တွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်အပါအဝင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးအချို့နှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ စစ်အာဏာသိမ်းမှုနှင့်ပတ်သက်၍ ဆန့်ကျင်ဆန္ဒပြသည့် ဦးဆောင်လှုပ်ရှားသူများနှင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ အယောက်တစ်ရာဝန်းကျင်ခန့် ဖမ်းဆီးခံထားရကြောင်း သိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...