ကယားပြည်နယ် ရဲတပ်ဖွဲ့အနေဖြင့် CDM ပါဝင်ပေးရန် ရဲတပ်သားမောင်လုကာ တိုက်တွန်း

ကယားပြည်နယ် ရဲတပ်ဖွဲ့အနေဖြင့် CDM ပါဝင်ပေးရန် ရဲတပ်သားမောင်လုကာ တိုက်တွန်း
by -
နော်ဒွေးအယ်ခူ (KT)

ကယားပြည်နယ် ရဲတပ်ဖွဲ့များအနေဖြင့် အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM တွင် ပါဝင်ကြရန် CDM ပြုလုပ်ခဲ့သော လ-၂၇၄၅၁၅ ရဲတပ်သား မောင်လုကာက တိုက်တွန်းလိုက်သည်။

 

“တခြားရဲတပ်ဖွဲ့ဝင်တွေကလည်း ဒီလိုမျိုးပါဝင်ချင်ပေမယ့် ကြောက်ကြတဲ့သူတွေများတယ်ပေါ့နော်။ CDM လုပ်လို့ရှိရင် ဘယ်မှာသွားရမယ် ဘယ်မှာနေရမယ်ဆိုတာ မသိတဲ့သူတွေများတယ်။ ထွက်ချင်ရင်လည်း မထွက်ရဲ အဲ့လိုလူတွေရှိတယ်။ လာစေချင်တယ်ပေါ့ဒီထဲ။ နောက်မကျခင်ပေါ့” ဟု ၎င်းက ပြောသည်။

 

မောင်လုကာသည် ရခိုင်ပြည်နယ်တွင် ရဲတပ်သားတာဝန်ကို နှစ်နှစ်ခွဲတာဝန်ထမ်းဆောင်ခဲ့ဖူးပြီး လက်ရှိတွင် ပြည်သူနှင့် အတူ အရေးတော်ပုံအောင်သည့်အထိ တိုက်ပွဲဝင်သွားရန်ဆုံးဖြတ်ထားပြီးဖြစ်ကြောင်း  ၎င်းကဆက် လက် ပြောသည်။ 

 

အလာတူ မယ်စဲ့ရဲကင်းစခန်းတွင် လေးနှစ်တာဝန်ထမ်းဆောင်ခဲ့သည့်  လ၂၆၅၃၀၆ ရဲတပ်သား စောမန်းဒေး ထူးကလည်း  အာဏာရှင်ခေတ်ပြန်ရောက်မည်ကို ကြောက်သည့်အတွက် အကြမ်းမဖက်အာဏာဖီဆန် ရေးလှုပ် ရှားမှု CDM တွင် ပါဝင်လာရခြင်းဖြစ်သည်ဟု ဆိုသည်။

 

“စစ်အာဏာသိမ်းမှုနောက်ပိုင်း ထိခိုက်မှုတွေလည်းများလာတယ်။ အမေအဖေတို့ အဘိုးအဘွားတို့ အချိန်မျိုး ပြန်ရောက်မှာစိုးလို့ ပြည်သူတွေနဲ့ ပူးပေါင်းဖို့ အဲ့လိုမျိုးပါဝင်လာတယ်ပေါ့” ဟု ၎င်းက ပြောသည်။

 

စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုလုပ်ရှားမှုသပိတ်ကော်မတီမှ ပြည်သူများ၏အထောက်အပံ့ဖြင့် အကြမ်းမ ဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM ပါဝင်သည့် ရဲတပ်သားများကိုလုံခြုံသည့်နေရာတွင် ထားရှိကြောင်း ကယားပြည်နယ် သပိတ်ကော်မတီ၏ ဦးဆောင်သူတစ်ဦးဖြစ်သည့် ကိုတိုက်က ပြောသည်။

 

“သပိတ်ကော်မတီကပဲ အစစအရာရာစီစဉ်ပေးနေတယ်။ ပြည်သူလူထုက ပံ့ပိုးတဲ့ ပံ့ပိုးမှုတွေနဲ့ ကျနော်တို့က ကြားကနေ အကောင်းဆုံးဖြစ်အောင်စီမံပေးနေတယ်ပေါ့နော။ သူတို့ရဲ့မိသားစု သူတို့ရဲ့လုံခြုံရေး မိသားစုစားဝတ်နေရေးကအစ အားလုံးက ပြည်သူလူထုပံ့ပိုးတဲ့ဟာနဲ့ အားလုံးအဆင်ပြေအောင် ဆောင်ရွက်ပေးနေပါတယ်” ဟု ကိုတိုက်က ပြောသည်။

 

သပိတ်ကော်မတီအနေဖြင့် ဝန်ထမ်းများ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM ပိုမိုပါဝင်လာရန် အရှိန်တိုးမြှင့်ပြီးဆောင်ရွက်လာသလို နေ့စဥ် စစ်ကြောင်းများဖြင့် မြို့တွင်း ဆန္ဒထုတ်ဖော်လျက်ရှိသည်။

 

ကယားပြည်နယ်တွင် လက်ရှိအချိန်ထိ ဒေသတွင်း ရဲတပ်သား ၁၄၇ နှင့် ပြည်မမှရောက်ရှိလာသည့် ရဲတပ်သား ၁၀ စုစုပေါင်း ၁၅၇ က အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM တွင် ပါဝင်လာကြပြီဖြစ်သည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...