ခြုံခိုတိုက်ခိုက်ခံရသဖြင့် နယ်စပ်ခြံစည်းရိုးကာလုပ်ငန်းလုပ်ဆောင်သည့် ဒု-အရာခံဗိုလ်တစ်ဦးနှင့် အလုပ်သမားနှစ်ဦး သေဆုံး

ခြုံခိုတိုက်ခိုက်ခံရသဖြင့် နယ်စပ်ခြံစည်းရိုးကာလုပ်ငန်းလုပ်ဆောင်သည့် ဒု-အရာခံဗိုလ်တစ်ဦးနှင့် အလုပ်သမားနှစ်ဦး သေဆုံး
by -
ကောင်းကျော်နိုင် ( BNI)

အာဆာဟုယူဆရသည့်အဖွဲ့က လက်နက်ငယ်များဖြင့် ခြုံခိုတိုက်ခိုက်မှုကြောင့် ဆောင်လုပ်ရေးအင်ဂျင်နီယာတပ်မှ ဒု-အရာခံဗိုလ်တစ်ဦးနှင့် အလုပ်သမားနှစ်ဦး သေဆုံးသွားကြောင်း ရခိုင်ပြည်နယ်၊ စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းသန်းက ပြောသည်။

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် မတ် ၅ ရက် မွန်းလွဲ ၁၂ နာရီခွဲအချိန်ခန့်က မိုင်တိုင် ၄၅ တွင် ဘင်္ဂလားဒေ့ရှ် မြန်မာ နယ်စပ်ခြံစည်းရိုးကာရန်ခြင်းလုပ်ငန်း လုပ်ဆောင်နေချိန် ထိုသို့ တိုက်ခိုက်ခံရခြင်းဖြစ်ပြီး သုံးဦးသေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“၄၅ မိုင်တိုင်နားမှာ ခြံစည်းရိုးကာနေတဲ့အဖွဲ့ပါ။ အဲဒီခြံစည်းရိုးကာတဲ့အဖွဲ့ကို အာဆာလို့ယူဆရတဲ့အဖွဲ့က ပစ်သတ်ပလိုက်တာပါ။ ခြုံခိုတိုက်တယ်လို့ယူဆရတယ်” ဟု ရခိုင်ပြည်နယ်၊ စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းသန်းက ပြောသည်။

သေဆုံးသွားသူများမှာ ဆောင်လုပ်ရေးအင်ဂျင်နီယာတပ်မှ ဒု-အရာခံဗိုလ် သက်ထွန်းအောင်နှင့် အလုပ်သမားနှစ်ဦးဖြစ်ကြသည့် ဇော်မတက်ကျေးရွာအုပ်စု၊ ကိုင်းကြီးကျေးရွာမှ အသက် ၁၈ နှစ်အရွယ် ဌေးဝင်းနှင့် ဘောင်းရွာကျေးရွာမှ အသက် ၁၇ နှစ်အရွယ် စံရန်းတို့ဖြစ်သည်။

လက်ရှိတွင် ဖြစ်စဉ်ဖြစ်ပွားခဲ့သည့်နေရာနှင့် အနီးဝန်းကျင်နေရာများအား နယ်မြေခံတပ်ဖွဲ့ဝင်များမှ ရှင်းလင်းရေးများ လုပ်ဆောင်နေကြောင်း သိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...