CRPH တွင် မပါဝင်ရန်နှင့် ပါဝင်ခြင်းမရှိကြောင်းကို ခရိုင်အုပ်ချုပ်ရေးအဖွဲ့ထံသို မတ် ၆ ရက်မတိုင်ခင် လူကိုယ်တိုင် လာရောက်သတင်းပို့ရန်ဟူသောစာကို လက်ခံရရှိထားကြောင်း ဗန်းမော်မြို့နယ် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးက ပြောသည်။
အဆိပါစာကို မိုးမောက်မြို့နယ်ရှိ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် လွတ်တော်ကိုယ်စားလှယ်လောင်းများအား မတ် ၅ ရက်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးမှူးအဖွဲ့က အကြောင်းကြားစာ ပေးပို့ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
“ဟုတ်ပါတယ်။ ကျွန်တော့ဆီကိုစာရောက်တယ်။ တကယ်ကဗျာ ကျွန်တော်က အနိုင်ရလွတ်တော်ကိုယ်စားလှယ်လဲမဟုတ်ပဲနဲ့ ကျွန်တော်ဆီဘာလို့ပို့တာလဲပေါ့။ သူတို့နဲ့မပူးပေါင်းရင် လိုက်နိမ်နင်းမဲ့သဘောဖြစ်နေတယ်။ ဒီကိစ္စကျွန်တော်လက်မခံနိုင်ပါဘူး” ဟု အဆိုပါကိုယ်စားလှယ်လောင်းက ပြောသည်။
CRPH ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ ပါဝင်ဆောင်ရွက်ပါက တရားစွဲအရေးယူသွားမည်ဖြစ်ကြောင်း အာဏာသိမ်းစစ်ကောင်စီက ဖေဖော်ဝါရီ ၂၇ ရက်တွင် ကြေညာခဲ့ပြီး ၂၀၂၁ ခုနှစ် မတ် ၆ ရက် နောက်ဆုံးထားကာ ဗန်းမော် ခရိုင်အုပ်ချုပ်ရေးအဖွဲ့ထံ လူကိုယ်တိုင် လာရောက်သတင်းပို့ရမည်ဖြစ်ကြောင်း ၎င်းတို့၏ အကြောင်းကြားစာတွင် ဖော်ပြထားသည်။
အဆိုပါစာကို ရွေးကောက်ပွဲအနိုင်ရရှိခဲ့သော ကိုယ်စားလှယ်များကို ရည်ညွန်းခြင်းဖြစ်သော်လည်း ရွေးကောက်မခံရသည့် တိုင်းရင်းသားပါတီများမှ ကိုယ်စားလှယ်တစ်ချို့ထံ စာများရောက်ရှိခဲ့သော်လည်း ကချင်ပြည်နယ်ရှိ ရွေးကောက်ခံ လွတ်တော်ကိုယ်စားတချို့ ထိုစာကို မရရှိသေးကြောင်းလည်း သိရသည်။