ဟုမ္မလင်း အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်တွင် ပါဝင်လာ

ဟုမ္မလင်း အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်တွင် ပါဝင်လာ

အာဏာရှင်ဆန့်ကျင်ရေးသပိတ်တွင် စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စာရေး ၁၃ ဦး ပါဝင်လာကြောင်း သိရသည်။

၎င်းတို့သည် မတ် ၅ ရက်မှ စတင်၍ CDM တွင် ပါဝင်လာခြင်းဖြစ်ပြီး ထိုပါဝင်မှုနှင့်ပတ်သက်၍ မြို့နယ်အုပ်ချုပ်ရေးမှူးထံ အကြောင်းကြားထားကြောင်း သိရသည်။

ထိုပြင် ဟုမ္မလင်းမြို့၏ ဌာနဆိုင်ရာ၀န်ထမ်းများဖြစ်သည့် ဟုမ္မလင်းမြို့ စည်ပင်သာယာရေးကော်မတီဝင် ခြောက်ဦး၊ သစ်တောဌာနနှင့် မြေစာရင်း ဌာနမှ ဝန်ထမ်း ၁၉ ဦးကလည်း မတ် ၅ ရက်တွင် CDM လုပ်ရှားမှုတွင် ပါဝင်လာကြောင်း ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားချက်များအရ သိရသည်။

ဟုမ္မလင်းမြို့တွင် စစ်ကောင်စီမှ နိုင်ငံတော်အာဏာကိုရယူခဲ့ပြီးနောက် ကျန်းမာရေးဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများနှင့် ဒေသခံပြည်သူများမှ စစ်အာဏာရှင်စနစ်အလိုမရှိကြောင်း ဖမ်းဆီထိန်းသိမ်းထားသည့် နိုင်ငံခေါင်ဆောင်များပြန်လွှတ်ပေးရန်နှင့် စစ်အာဏာရှင်အလိုမရှိကြောင်း ဆန္ဒပြမှုများနှင့် CDM လှုပ်ရှားမှုကို စတင်ခဲ့ကြခြင်းဖြစ်သည်။

ဟုမ္မလင်းမြို့သည် ရှမ်းနီတိုင်းရင်းသားအများစုနေထိုင်ကြသည့် ဒေသတစ်ခုဖြစ်ပြီး ရှမ်းနီပါတီတစ်ခုဖြစ်သော ရှမ်းနီ (တိုင်လျှန်) သွေးစည်းညီညွတ်ရေးပါတီမှ အားကောင်းသောဒေသတစ်ခုဖြစ်သည့်ဟု အများစုခန့်မှန်းထားသော်လည်း ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ အများဆုံးအနိုင်ရရှိခဲ့သော ဒေသတစ်ခုလည်းဖြစ်သည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...