လူထုမပန်းသည့် ပုံစံမျိုးဖြင့် ဆက်လက်ဆန္ဒထုတ်ဖော်သွားမညဟု ကယားပြည်နယ် သပိတ်ကော်မတီပြော 

လူထုမပန်းသည့် ပုံစံမျိုးဖြင့် ဆက်လက်ဆန္ဒထုတ်ဖော်သွားမညဟု ကယားပြည်နယ် သပိတ်ကော်မတီပြော 
by -
နော်ဒွေးအယ်ခူ (KT)

စစ်အာဏာရှင်ကိုဆန့်ကျင်ရေး လူထုမပန်းသည့်ပုံစံမျိုးဖြင့် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကယားပြည်နယ် အာဏာရှင်ဆန့်ကျင်ရေး သပိတ်ကော်မတီအဖွဲ့ဝင်တစ်ဦးက ပြောသည်။

 

ဆန္ဒပြမှုများကို လူအများငြီးငွေ့မှုမဖြစ်စေရေး ဆန်သစ်သောပုံစံများဖြင့် ဆက်လက် ဆန္ဒထုတ်ဖော်သွားမည်ဟု ဆိုသည်။

 

“ပြည်သူတွေပင်ပန်းတယ်။ ငြီးငွေ့တယ်ဆိုတာ လုပ်ပုံကိုင်ပုံနဲ့ဆိုင်တယ်ပေါ့နော်။ ဥပမာရက်တိုင်း လမ်းပေါ် ထွက်မယ်။ လမ်းလျှောက်မယ်ဆိုရင်တော့ သေချာတယ်ပင်ပန်းမယ်ငြီးငွေ့တယ်ပေါ့နော်။ ဆိုတော့လမ်းပေါ်ထွက် တိုင်း လမ်းပေါ်ထွက်ပြီး ဆန္ဒပြတိုင်းက ကျွန်တော်တို့ တစ်ခုထဲပဲမဟုတ်ဘူးပေါ့နော်။ အခြားနည်းတွေလည်း ရှိတယ်။ ဥပမာ တချို့ရက်တွေဆို ကျွန်တော်တို့နားမယ်။ တခြားပုံစံတွေနဲ့ ဆန္ဒထုတ်ဖော်တာတွေလုပ်မယ်။ နည်းမျိုးစုံနဲ့ ကျွန်တော်တို့ လုပ်သွားမယ်ပေါ့နော်။ ငြီးငွေ့တာတွေမဖြစ်အောင် အသစ်အဆန်းတွေဖြစ်အောင်ပေါ့နော်”ဟု ၎င်းက ပြောသည်။

 

လက်ရှိကယားပြည်နယ်တွင် လမ်းပေါ်၊ ရေပေါ် စသည့်နေရာများတွင် စာတမ်းရေးထိုးခြင်း၊ ည ၈ နာရီတိုင်းလျှင် သံပုံးတီးခြင်း၊ ဆိုင်ကယ်စီး၍ သပိတ်မှောက်ခြင်း၊ အထိုင်သပိတ် စသည့်ပုံစံမျိုးစုံဖြင့် စစ်အာဏာရှင်ကို ဆန့်ကျင်လျက်ရှိသည်။ 

 

“လူထုတွေအနေနဲ့ အဆက်မပြတ် မရှိန်မပြတ်ဖို့အတွက် နေ့တိုင်းနေ့တိုင်းလမ်းပေါ်ထွက်မယ့် ကိစ္စတွေရှိတယ်ပေါ့နော်။ ဒီဟာတစ်ခုက ကျွန်မတို့က လောလောဆယ် အကြမ်းမဖက်တဲ့နည်းလမ်းနဲ့ ပြည်သူလူထုကြားမှာ သွားနေတယ်ပေါ့။ ရှေ့လျှောက်ကျွန်မတို့ သွားနေတဲ့ အပိုင်းမှာ ခါကျတော့လည်း ထိပ်တိုက်တဲ့ အပိုင်းမှာ ကျွန်မတို့ ရှောင်ဖို့ရှိလိမ့်မယ်။ ကျမတို့ဒီစစ်အာဏာရှင်ကို လက်မခံပါဘူးဆိုတဲ့ဟာတွေ ကျမတို့က ဒါကို လူထုအင်အားနဲ့ ဆက်ပြဖို့ရှိတယ်" လို့ ကယားပြည်နယ်ကျောင်းသားသမဂ္ဂအဖွဲ့ဝင် မစူးဇန် ကပြောသည်။

 

အခြားတိုင်းနှင့် ပြည်နယ်တချို့တွင်ဆန္ဒပြသပိတ်မှောက်သူများကို စစ်တပ်နှင့် ရဲက အကြမ်းဖက်ဖြိုခွင်းမှုများပြုလုပ်နေပြီး ကယားပြည်နယ်တွင်  လူထုဆန္ဒပြရာလမ်းတစ်လျှောက် လမ်းပိတ်ဆို့လေ့ရှိသော်လည်း အကြမ်းဖက်ဖြိုခွင်းမှုမရှိသေးကြောင်း သိရသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...