စစ်အာဏာသိမ်းမှုကို အိန္ဒိယမြို့တော် နယူးဒေလီတွင် ဒုတိယအကြိမ် ဆန့်ကျင်ဆန္ဒဖော်ထုတ်မည်

စစ်အာဏာသိမ်းမှုကို အိန္ဒိယမြို့တော် နယူးဒေလီတွင် ဒုတိယအကြိမ် ဆန့်ကျင်ဆန္ဒဖော်ထုတ်မည်

တပ်မတော်က အရပ်သားအစိုးရထံမှ နိုင်ငံတော်အာဏာသိမ်းယူခဲ့သည့်အပြင် ငြိမ်းချမ်းစွာဆန္ဒပြနေသည့် ပြည်သူများအပေါ် လက်နက်အင်အားအသုံးပြုပြီး အကြမ်းဖက်သည့်လုပ်ရက်များကြောင့် အိန္ဒိယနိုင်ငံ နယူးဒေလီရောက် မြန်မာပြည်သားများက မတ် ၃ ရက်တွင် ဒုတိယအကြိမ် ဆန့်ကျင်ဆန္ဒဖော်ထုတ်ခဲ့ကြောင်း သိရသည်။ 

 

အဆိုပါ ဆန့်ကျင်ဆန္ဒဖော်ထုတ်ပွဲကို မတ် ၃ ရက် မနက် (၁၁:ဝ၀) နာရီတွင် Chin Refugee Committee (CRC) အဖွဲ့မှ ဦးဆောင်ပြီး အရင်ဆန္ဒပြခဲ့ကြသည့်နေရာ နယူးဒေလီမြို့ Jantar Mantar ပန်းခြံရှေ့တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း နယူးဒေလီရှိ CHRO ရုံးတာဝန်ခံ Salai Cung Dawt က ပြောသည်။ 

 

“ပထမဆန္ဒပြတုန်းကတော့ စစ်အစိုးရကို အလိုမရှိကြောင်း ကန့်ကွက်တဲ့အကြောင်းကို အဓိကထားပြီး ဆန္ဒပြခဲ့တာဖြစ်တယ်။ ယခုတခါတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အလိုမရှိတဲ့ကြောင်း၊ မြန်မာ့တပ်မတော်အနေနဲ့ ပြည်သူကို ကာကွယ်မဲ့အစား တိုက်ခိုက်နှိုင်နှင်းတဲ့လုပ်ရက်ကြောင့် အကြမ်းဖက်အဖွဲ့ကဲ့သို့ မှတ်ယူတယ်။ နောက်ပြီး UN ဖြစ်ဖြစ် နိုင်ငံတကာကပါ  စီပွားရေးတွေ ပိတ်ဆို့လာတဲ့အတွက် ဒီစစ်တပ်မှသိမ်းယူတဲ့အာဏာကို ကျနော်တို့ အမြန်ဆုံး ဘယ်လိုပြန်လည်ရယူမလဲ၊ စသဖြင့် အဓိကထားပြီးတော့ ဒီဆန္ဒပြပွဲကို လုပ်သွားမှာဖြစ်တယ်” လို့ Salai Cung Dawt က ပြောသည်။  

 

အိန္ဒိယအစိုးရအနေဖြင့် ကိုဗစ်-၁၉ ကာလဖြစ်သည့်အတွက် အစိုးရရဲ့ချမှတ်ထားသော လမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက်သွားဖို့ ပြောထားကြောင်းနှင့် အိန္ဒိယရောက် မြန်မာပြည်သားများအနေဖြင့် ယခုတိုက်နေသော တိုက်ပွဲကို မနိုင်မချင်း တတ်နိုင်သည့်နည်းလမ်းဘက်ကနေ အမြဲတမ်း ရပ်တည်သွားမည်ဟုလည်း ဆက်ပြောသည်။ 

 

ယခုမြန်မာနိုင်ငံအတွင်း ဆန္ဒပြနေသည့် Civil Disobedience Movement (CDM) ကို ကူညီပေးနိုင်ရေးအတွက် နယူးဒေလီရောက် မြန်မာနိုင်ငံသားများအနေဖြင့် အလှူငွေများကောက်ခံကြောင်းကိုလည်း Salai Cung Dawt က ယခုလိုဆက်ပြောပါသည်။ 

 

“CDM အတွက် ငွေကောက်ခံထားတာလည်းရှိတယ်။ အိန္ဒိယငွေ ရူပီး တစ်သိန်းခွဲနီးပါးရတယ်။ CDM အတွက် ကောက်ခံထားတဲ့ငွေကို ပို့တော့မပို့ဖြစ်သေးဘူး။ စာရင်းတွေ သေချာပြုစုပြီးမှဘဲ ပို့ဖြစ်မယ်။ အဓိကအားဖြင့်တော့ ချင်းပြည်နယ်ကို ပစ်မှတ်ထားပြီးတော့ ပို့မယ်” လို့ ပြောသည်။  

 

တပ်မတော်က အရပ်သားအစိုးရထံမှ နိုင်ငံတော်အာဏာသိမ်းယူမှုနှင့်ပတ်သက်၍ ပထမအကြိမ် ဆန္ဒထုတ်ဖော်မှုကို အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ Jantar Mantar ပန်းခြံရှေ့တွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်က ပြုလုပ်ခဲ့ကြသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...