ဗန်းမော်မြို့နယ်အတွင်းရှိ ဝန်ထမ်း ၇၀ ရာခိုင်နူန်းခန့် CDM တွင်ပါဝင်လာသဖြင့် ဌာနဆိုင်ရာရုံးများ လည်ပတ်နိုင်ခြင်းမရှိတော့

ဗန်းမော်မြို့နယ်အတွင်းရှိ ဝန်ထမ်း ၇၀ ရာခိုင်နူန်းခန့် CDM တွင်ပါဝင်လာသဖြင့် ဌာနဆိုင်ရာရုံးများ လည်ပတ်နိုင်ခြင်းမရှိတော့
by -
ခေါင်ညွယ် (KNG)

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်အတွင်းရှိ ဝန်ထမ်း ၇၀ ရာခိုင်နှုန်းခန့် CDM တွင်ပါဝင်လာသဖြင့် ဌာနဆိုင်ရာရုံးများ လည်ပတ်နိုင်ခြင်းမရှိတော့ကြောင်း သိရသည်။

"တစ်နေ့ထက်တစ်နေ့တစ်ဖြည်းဖြည်းများလာတယ်။ ရှင်းရှင်းပြောရရင် အစိုးရရုံးတွေကဖွင့်ထားတယ်ဆိုတာလောက်ဘဲ၊ တစ်ကယ့်တစ်ကယ်မှာတော့ လည်ပတ်နေတဲ့ရုံးဆိုတာ မရှိတော့ဘူး။ အကုန်လုံး Shut Down တော့ ဖြစ်ကုန်တဲ့အနေထားတော့ရှ်ိနေပြီ” ဟု ဗန်းမော်မြို့မှ CDM ပါဝင်သည့်ဝန်ထမ်းများအား လိုက်ပါကူညီဆောင်ရွက်ပေးနေသည့် အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိတွင် ဗန်းမော်မြို့နယ်တွင်း ဖေဖော်ဝါရီ ၃ ရက်မှစကာ CDM တွင်ပါဝင်သည့် ဝန်ထမ်းများအား လိုက်လံဖမ်းဆီးမှုများရှိနေသော်လည်း ယနေ့ချိန်ထိ ဖမ်းဆီးခံရသူတစ်ဦးမှ မရှိသေးကြောင်း သိရသည်။

CDM တွင် ပါဝင်လူပ်ရှားသည့်ဝန်ထမ်းများသည် စိုးရိမ်ရသည့်အခြေနေတွင်ရှိနေပြီး ဗန်းမော်မြို့တွင်းရှိ CDM ကူညီထောက်ပံ့ကူညီရေးအသင်းမှလည်း လိုအပ်သည့်အကူညီများ ကူညီဆောင်ရွက်ပေးနေကြောင်း အမည်မဖော်လိုသည့် ဒေသခံတစ်ဦးကပြောသည်။

"ကျနော်တို့စီမှာတော့ စုစုပေါင်းလာနေတာတော့ ၆ဝလောက်ရှိတယ် သူတို့လည်းကြာလာတော့ ကျနော်တို့ကိုပေးတဲ့ဟာတွေ စားတာတွေကအစ အားနာတာမျိုးတွေဖြစ်လာကြတယ်။ဒါပေမယ့် CDM လုပ်တဲ့ဝန်ထမ်းတွေကို ပြောချင်ပါတယ် အားနာစရာမလိုပါဘူး ကျနော်တို့ပြည်သူအားလုံးကလည်း ဝန်ထမ်းတွေကို CDM မှာပါဝင်လာဖို့ စော်သြခဲ့တာတွေရှိတော့ ကျနော်တို့မှာလည်း တာဝန်ရှိပါတယ်" ဆိုပြီး ဒေသခံတစ်ဦးကပြောသည်။

ကချင်ပြည်နယ်တွင်း CDM တွင်ပါဝင်လူပ်ရှားသည့်ဝန်ထမ်းများအား ကူညီထောက်ပံ့ပေးနိုင်ရန် မြို့နယ်အချို့တွင် ထောက်ပံ့ကူ ညီရေးအသင်းများ ဖွဲ့စည်းလျက်ရှိနေကြပြီး ငွေကြေးအထောက်အပံ့များလည်း ကူညီထောက်ပံ့နေမူများရှိနေကြောင်း သိရသည်။

"ကျွန်တော်တို့အဖွဲ့ကတော့ လောလောဆယ်ငွေကြေးထောက်ပံ့မူတာတွေတော့မရှိဘူး။ လုံခြုံရေးအရ ခဏယာယီရှောင်နေရ မယ့်ဟာတွေမျိုးကို ကူညီဆောင်ရွက်ပေးတာတွေရှိတယ်။ဒါပေမယ့် နောက် သုံးရက်လောက်နေရင်တော့ ဒါတွေကိုကျွန်တော်တို့အ နေနဲ့ဘယ်လိုဖြေရှင်းရမလဲဆိုတာ ပြန်ပြီးစီစဉ်ပေးသွားမှာဖြစ်တယ်” ဟု ဒေသခံတစ်ဦးကပြောသည်။

တပ်မတော်မှအာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီ ၈ရက်မှစကာ မြို့နယ်တိုင်းတွင် စစ်အာဏာဆန့်ကျင် ရေးဆန္ဒထုတ်ဖော်ပွဲများအား လုပ်ဆောင်နေကြပြီး အစိုးရဌာနဆိုင်ရာမှ ဝန်ထမ်းများလည်း CDM ပါဝင်လူပ်ရှားမှုတွင် ပိုမိုပါဝင်လာကြကြောင်း သိရသည်။

လက်ရှိချိန်တွင် CDM တွင်ပါဝင်သည့် ဝန်ထမ်းများဖမ်းဆီးရန် လုပ်ဆောင်မူများရှိနေသည့်အပြင် ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်သည့်ပြည်သူများကိုလည်း လိုက်လံဖမ်းဆီးမူများရှိနေသော်လည်း ဆန္ဒထုတ်ဖော်မှုများအား ဆက်လက်လုပ် ဆောင် နေဆဲဖြစ်သည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...