ဖလမ်းမြို့ ဆန္ဒပြမှုတွင် ဖမ်းဆီးခံရသူ သုံးဦး ၅၀၅ (က) ဖြင့် အမှုဖွင့်ခံရ

ဖလမ်းမြို့ ဆန္ဒပြမှုတွင် ဖမ်းဆီးခံရသူ သုံးဦး ၅၀၅ (က) ဖြင့် အမှုဖွင့်ခံရ

ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် ဖေဖော်ဝါရီ ၂၇ ရက်က ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်နေသော ပြည်သူများကို မျက်ရည်ယိုဗုံးဖြင့် ပစ်ဖောက်ဖြိုခွင်းကာလူစုခွဲပြီးနောက် ဖမ်းဆီးခံခဲ့ရသည့် လူငယ်သုံးဦးကို မတ် ၁ ရက်တွင် ပုဒ်မ (၅၀၅) (က) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။



 

ဖလမ်းမြို့မှ Chinland Herald သတင်းဌာအယ်ဒီတာချူပ် ကိုငယ်ပီးက “အစတုန်းက ရဲအချုပ်ကနေ စစ်တပ်ထဲကို ထိန်းထားတယ်။ အခုပထမအကြိမ် မနေ့ကရုံးထုတ်တယ်။ တဖက်ခါ ဒုတိယအကြိမ် ပြန်ချိန်းထားတယ်။ စစ်တပ်ကနေ ရဲအချုပ်ဖက်ကို ပြန်ပြောင်းလာကြပြီ။ ရှေ့နေတွေငှားဖို့ ပြင်ဆင်နေတယ်။ ရှေ့နေတွေငှားပိုင်ခွင့်ရှိတယ်လို့ မနေ့က တရားသူကြီးကပြောလိုက်တယ်။ ဆန္ဒပြတဲ့ကိစ္စကြောင့်ပါ။ အခု သူတို့ကို ရဲစခန်းအချုပ်ထဲမှာထားတယ်” ဟု ပြောသည်။



 

ဖေဖော်ဝါရီ ၂၇ ရက် ဖလမ်းမြို့ ဆန္ဒဖော်ထုတ်မှုတွင် ရဲတပ်ဖွဲ့က ခရစ်ယာန်သင်းအုပ်ဆရာများ၏ အကူအညီဖြင့် ဆန္ဒပြပြည်သူများအား လူစုခွဲရန်ဖြောင်းဖြကာ ဆုတောင်းခြင်းဖြင့် ငြိမ်းချမ်းစွာလူစုခွဲရန် သဘောတူခဲ့ကြပြီး လူစုခွဲမည့်နေရာမရောက်ခင်တွင် ရဲနှင့်တပ်မတော်က မျက်ရည်ယိုဗုံးသုံးချက်ပြစ်ဖောက်ကာ လူသုံးဦး ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

 

ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) သည် အာမခံပေးခွင့်မရှိသော ပုဒ်မဖြစ်ပြီး ထောင်ဒဏ် နှစ်နှစ်အထိကျခံနိုင်ပြီး ငွေဒဏ်လည်းကျခံနိုင်ကြောင်းသိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...