၂၀၀၈ ဖွဲ့စည်းပုံ ဖျက်သိမ်းသည်အထိတိုက်ပွဲဝင်ရန် ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီမှ ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်တိုက်တွန်း 

၂၀၀၈ ဖွဲ့စည်းပုံ ဖျက်သိမ်းသည်အထိတိုက်ပွဲဝင်ရန် ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီမှ ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်တိုက်တွန်း 
by -
နော်ဒွေးအယ်ခူ (KT)

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဖျက်သိမ်းသည်အထိ ပြည်သူများတိုက်ပွဲတင်ရန် ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ (KySDP) မှ ဖရူဆိုမြို့နယ် ပြည်နယ်လွတ်တော်တွင် အနိုင်ရရှိထားသော ဒေါ်အယ်ဗလင်းက တိုက်တွန်းခဲ့သည်။

“ကျွန်မတို့နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ငါးနှစ်လုံးလုံး လွတ်တော်ထဲမှာ ၂၀၀၈ ကို ပြင်မယ်ဆိုပြီးတော့မှ ကြိုးစားခဲ့ကြတယ်။ ပြည်သူရဲ့ အငြိုအငြင်ကိုသာရသွားခဲ့တယ်။ သူတို့ကို လွှတ်တော်ထဲမှာ ဖြုတ်လို့မရဘူးဖြစ်နေတယ်။ နိုင်ငံတော်အတိုင်ပင်ခံက ဒီနေ့ထိန်းသိမ်းခံနေရတယ်။ ကျွန်မတို့တွေ သူအသက်ရှင်နေသေးသ၍ အသက်ရှင်နေတဲ့အချိန်မှာ ဖယ်ဒရယ်ပြည်ထောင်စုကို တည်ထောင်ဖို့အတွက် သူ့ကို ဦးဆောင်ခွင့်ပေးနိုင် ဖို့အတွက် ကျွန်မတို့တွေအပြင်က ပြည်သူလူထုတွေ စစ်အာဏာရှင်ကို သက်ဆိုးရှည်မယ့် ၂၀၀၈ ဖွဲ့စည်းပုံကို ဖျက်သိမ်းပေးရလိမ့်မယ်။ ကျွန်မတို့ခေါ်ရတော့မယ် ၂၀၀၈ ဖွဲ့စည်းပုံ အမြစ်ဖြတ်ရမယ်။ လူပဲဖြုတ်လို့မရဘူး။ မူပါဖြုတ်မှ ကျွန်မတို့ ဆန့်ကျင်ရမယ်” ဟု ၎င်းက ပြောသည်။

 

လွိုင်ကော်တွင် ဖေဖော်ဝါရီ ၂၈ ရက်က ပြုလုပ်သည့် ပြည်လုံးကျွတ် စစ်အာဏာရှင်ဆန့်ကျင်သပိတ်တွင် ၎င်းက အထက်ပါအတိုင်း တက်ရောက်ပြောကြားခဲ့ခြင်းဖြစ်သည်။

 

“ကျွန်မတို့က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အဓိက ဖျက်ချင်တယ်ပြီးတော့ တိုင်းရင်းသားအခွင့်အရေး ဖယ်ဒရယ်အခွင့်အရေး အကုန်လိုချင်တာပေါ့။ အဲ့ဒီအတွက် အဓိက ထားပြီးတော့မှ ကျွန်မတို့လာတာပါ” ဟု ပြည်လုံးကျွတ်သပိတ်တွင်း ပါဝင်သူ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

 

ကယားပြည်နယ်တွင် နေထိုင်သည့် တိုင်းရင်းသားများသည် စစ်အာဏာရှင် ကျဆုံးရေး၊ ၂၀၀၈ ဖွဲ့စည်းပုံ ဖျက်သိမ်းရေး၊ ဖယ်ဒရယ် ဒီမိုကရေစီစနစ်ဖော်ဆောင်ရေး၊ မတရားဖမ်းဆီးခံရသော နိုင်ငံရေးအကျဉ်းသားများ အားလုံး လွှတ်ပေးရေး စသည့် အချက်များကို ကြွေးကြော်တောင်းဆိုလျက်ရှိသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...