မြစ်ကြီးနားသပိတ်ဖြိုခွဲခံရပြီးနောက် လူငယ်တစ်ဦးပျောက်ဆုံးနေ

မြစ်ကြီးနားသပိတ်ဖြိုခွဲခံရပြီးနောက် လူငယ်တစ်ဦးပျောက်ဆုံးနေ

ကချင်ပြည်နယ်တွင် မြစ်ကြီးနားသပိတ်စစ်ကြောင်းဖြိုခွဲခံရပြီးနောက် လူငယ်တစ်ဦးပျောက်ဆုံးနေပြီး ယခုအချိန် ထိ အဆက်အသွယ်မရသေးကြောင်း သိရသည်။ 

 

အဆိုပါလူငယ်သည် မြစ်ကြီးနားမြို့နယ် လယ်ကုန်းရပ်ကွက်မှ ကိုဇော်နောင်ဆိုသူဖြစ်ပြီး ယနေ့(ဖေဖော်ဝါရီ ၂၈ရက်)သပိတ်စစ်ကြောင်းနှင့်အတူ ပါလာသော်လည်း အောင်နန်းတွင် လူစုကွဲသွားခဲ့ခြင်းဖြစ်ကြောင်းနှင့် ယခုအထွေထွေသပိတ် (မြစ်ကြီး =နား) မှ ပြုစုထားသော ဖမ်းဆီးခံရသူများစာရင်းတွင် ၎င်းအမည်ကို မတွေ့ရှိကြောင်း ထိုလူငယ်၏ သူငယ်ချင်းဖြစ်တစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။ 

 

“ကျွန်တော်တို့ ဒီမနက်က အောင်နန်းအနောက်က လမ်းကြားထဲမှာ ကျွန်တော်တို့ စပြီးဖြိုခွဲတဲ့နေ ရာမှာ ပေါ့။ အစကတော့ သူနဲ့ ကျွန်တော်တို့နဲ့ အတူတူရှိတယ်။ ကျွန်တော်တို့အတူသွားနေရင်း အိမ်ထဲဝင် သွားတာလို့ ကျွန်တော်တို့ ထင်တယ်ဗျ။ ဘာလို့ဆို လူစုကွဲသွားတာဆိုတော့ဗျာ အိမ်ထဲဝင်ပုန်းတဲ့အခါမှာ စစ်သားတွေဘာတွေ ဆွဲပြီးမှ ဖမ်းသွားတာ ပါများပါသွားလား မသိဘူးဗျ။ကျွန်တော်တို့ နည်းနည်းငြိမ်ပြီး မှတော့ ချက်ချင်း ဖုန်းဆက်ကြည့်တယ်။ လူတွေပြန်ဆုံဖို့ အကုန်လုံးက ပြန်ဆက်သွယ်လို့ရတယ်။ သူတစ်ယောက်ထဲပဲ ဖုန်းစက်ပိတ်ထားတာ အခုအချိန်ထိပဲဗျ။ ကျွန်တော်တို့ ဘယ်နှစ်ခါခေါ်လဲ ဖုန်းက စက်မဖွင့်သေးဘူး။ ခုနကပဲဖမ်းခံရသူ စာရင်းထဲမှာ ကျွန်တော် သူ့နာမည်ရှာကြည့်တော့ မပါဘူးဗျ” ဟု ၎င်းက ပြောသည်။ 

 

ပျောက်ဆုံးနေသော လူငယ်သည် ပျောက် ဆုံးနေမှုနှင့်ပတ်သက်၍ သပိတ်စစ်ကြောင်းမှ တာဝန်ရှိသူ ထံပြောကြား ထားသဖြင့် လူကြီးများကရှာဖွေပေးနေကြောင်း သိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...