ပူတာအို လူငယ်ငါးဦး ပြန်လည်လွတ်မြောက်စေရန် အာဏာသိမ်းစစ်ကောင်စီကဖွဲ့ထားသော စေ့စပ်ညှိနှိုင်းရေးကော်မတီ ညှိနှိုင်းနေဟုဆို

ပူတာအို လူငယ်ငါးဦး ပြန်လည်လွတ်မြောက်စေရန် အာဏာသိမ်းစစ်ကောင်စီကဖွဲ့ထားသော စေ့စပ်ညှိနှိုင်းရေးကော်မတီ ညှိနှိုင်းနေဟုဆို

ပူတာအိုတွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ကနဦးဆန္ဒဖော်ထုတ်ရာတွင် ပါဝင်ခဲ့သော လူငယ်ငါးဦးသည် လက်ရှိအချိန် ပုဒ်မ ၃ ခုဖြင့် တရားစွဲခံထားရပြီး ၎င်းတို့လွတ်မြောက်လာစေရန် အာဏာသိမ်းစစ်ကောင်စီကဖွဲ့ထားသော စေ့စပ်ညှိနှိုင်းရေးကော်မတီက ညှိနှိုင်းနေကြောင်း သိရသည်။

လူငယ် ငါးဦးကို ဖေဖော်ဝါရီ ၂၀ရက်က ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး ပြန်လည်လွတ်မြောက်လာရန် ၎င်းတို့၏ အမည်စာရင်းနှင့်အချက်အလက်များကို စစ်ကောင်စီဥက္ကဌထံသို့ တင်ပြထားပြီဖြစ်ပြီး ယခုလာမယ့် အပတ် တွင် လွတ်မြောက်လာနိုင်ရန် ဆက်လက်ညှိနှိုင်းနေကြောင်း စစ်ကောင်စီညှိနှိုင်းရေးအဖွဲ့ဝင် ဒေါ်ဘောက်ဂျာက ပြောသည်။

“ဖမ်းဆီးခံလိုက်ရတဲ့ လူငယ်တွေရဲ့အချက်အလက်စာရင်းကို ပြည်နယ်ကောင်စီ ဥက္ကဋ္ဌ ဦးခက်ထိန်နန်ထံ တင်ပြထားတယ်။ သူတို့အနေနဲ့အကောင်းဆုံးဖြစ်အောင်လုပ်ဆောင်ပေးမယ်လို့ပြောခဲ့တယ်။ ထွက်လာဖို့က လာ မယ့် အပတ်က သေချာတယ်”ဟု ၎င်းကသည်။

ဒေါ်ဘောက်ဂျာသည် ကချင်ပြည်နယ်ပြည်သူ့ပါတီ KSPP ပါတီမှ ဒုဥက္ကဋ္ဌ-၄ တာဝန်ရှိသူဖြစ်ပြီး၊ စစ်ကောင်စီတွင်ပါဝင်ပြီးနောက် ပါတီက နှုတ်ထွက်ထားပြီဟု သိရသည်။

၎င်းဖမ်းဆီးခံရသည့် လူငယ် ငါးဦးကို အာဏာသိမ်းစစ်ကောင်စီက ထုတ်ပြန်ထားသည့် ပုဒ်မ ၁၄၄ ၊ အသေရေ ဖျက်မှု ပုဒ်မ ၅၀၅ (က)၊ မတရားအသင်းဆက်သွယ်မှု ၁၇/၁ စသော ပုဒ်မ သုံးခုစီဖြင့် တရားစွဲဆိုထားခြင်း ဖြစ်သော်လည်း လွတ်မြောက်လာသည့်နေ့တွင် တရားရုံးတွင်အပြီးသတ်လုပ်ဆောင်ပေးဖို့လည်း တောင်းဆို ထား သည်ဟု ဒေါ်ဘောက်ဂျာက ဆက်လက်ပြောသည်။

ပုဒ်မ သုံးခုစီဖြင့် တရားစွဲဆိုခံရသည့် လူငယ် ငါးဦးကို လာမည့်အပတ် မတ် ၅ရက်တွင်ပထမဆုံး စတင်ရုံး ထုတ် စစ်ဆေးရန် စီစဉ်ထားကြောင်းလည်း သိရသည်။

ဖမ်းဆီးခံရသည့် လူငယ်ငါးဦးမှာ ကိုမလောင်ဖေနှောင်းအောင်၊ ကိုရမ်ဆိုင်း၊ ကိုအောင်ဒီး၊ ကိုဆင်ဝါး၊ ကိုဖီနန်တို့ဖြစ်ကြပြီး ဖေဖော်ဝါရီလ ၂၀ ရက်ည ၉ နာရီခန့်က ၎င်းတို့ ပုန်းခိုနေသောတောထဲသို့ စစ်တပ်က သွားရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ဆန္ဒပြသူများနှင့်ညှိနှိုင်းရန် အဖွဲ့ဝင် ၁၃ ဦးပါဝင်သော အဖွဲ့ကို အာဏာသိမ်းစစ်ကောင်စီက ဖေဖော်ဝါရီ ၂၂ ရက်က ဖွဲ့စည်းထားသည်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သော လူထုများကမူ ထိုညှိနှိုင်းရေးအဖွဲ့ကို လက်မခံကြောင်း ထပ်မံဆန္ဒဖော်ထုတ်မှုများရှိသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...