သပိတ်မှောက်ပြည်သူများအား ဖမ်းဆီးခြင်း၊ တားဆီးခြင်းများနှင့်ပတ်သက်၍ ကြားဝင်ဖြေရှင်းခြင်း ပြန်လည်လုပ်ဆောင်ပေးမည်ဟု PCG ပြော

သပိတ်မှောက်ပြည်သူများအား ဖမ်းဆီးခြင်း၊ တားဆီးခြင်းများနှင့်ပတ်သက်၍ ကြားဝင်ဖြေရှင်းခြင်း ပြန်လည်လုပ်ဆောင်ပေးမည်ဟု PCG ပြော
by -
မွန်းမွန်းပန် (MNJ)

သပိတ်မှောက်ပြည်သူများအား ဖမ်းဆီးခြင်း၊ တားဆီးခြင်းများနှင့်ပတ်သက်၍ ကြားဝင်ဖြေရှင်းခြင်းကို ပြန်လည်လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း ငြိမ်းချမ်းရေးဆွေးနွေးရေးအကျိုးဆောင်အဖွဲ့ (PCG) မှ သိရသည်။

 

အဆိုပါ အစီအစဉ်ကို PCG အနေဖြင့် ယနေ့ (ဖေဖော်ဝါရီ ၂၂ ရက်) မှစ၍ ပြန်လည်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

 

သပိတ်မှောက်ပြည်သူများအား ဖမ်းဆီးခြင်း၊ တားဆီးခြင်းများနှင့်ပတ်သက်၍ တပ်မတော်နှင့်ပြည်သူများအကြား ဝင်ရောက်ဖြေရှင်းပေးခြင်းကိုတစ်ချို့က ပြစ်တင်ရှုမြင်မှုများရှိလာသည့်အတွက် ထိုသို့ ကြားဝင်လုပ်ဆောင်တော့မည်မဟုတ်ကြောင်း ဖေဖော်ဝါရီ ၂၀ ရက်ညပိုင်းတွင် ထုတ်ပြန်ခဲ့သော်လည်း ပြည်သူအများစုက တောင်းဆိုမှုများရှိလာသဖြင့် ပြန်လည်လုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း PCG မှ တာဝန်ရှိသူ ဦးလမိုင်ဂွမ်ဂျာကပြောသည်။

 

PCG သည် ဆန္ဒပြပြည်သူများ ဖမ်းဆီးခံရခြင်း၊ တားဆီးပိတ်ခြင်းများနှင့်ပတ်သက်၍ တပ်မတော်နှင့် ပြည်သူကြားရပ်တည်ကာ ဖြေရှင်ပေးခြင်းကို ဖေဖော်ဝါရီ ၈ ရက်မှစ၍ လုပ်ဆောင်လျက်ရှိသော အဖွဲ့အစည်းဖြစ်ကြောင်း သိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...