မြစ်ကြီးနားတွင် ပြည်သူများ ဧည့်စာရင်း တိုင်ကြားမှုများပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။
မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတစ်ခုထဲတွင်ပင် ဧည့်စာရင်းလာရောက် တိုင်ကြားသူ ဦးရေ ၁၀၀ ကျော်ရှိနေပြီဖြစ်သည်ဟု ဆိုသည်။
သို့သော်လည်း အဆိုပါမြို့တွင် လက်ရှိအချိန်အထိဧည့်စာရင်းစစ်ဆေးခြင်းမျိုးမရှိသေးကြောင်း တပ်ကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဘောက်နော်က ပြောသည်။
“ဧည့်စာရင်းတိုင်တာဆိုတာက သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ လာတိုင်ပေးရမယ်ပေါနော်။ စာရွက်စာ တမ်းနဲ့ ပတ်သက်လို့တော့ ပါရမယ်လို့တော့ မပါဘူး။ ဒါပေမယ့် အချက်အလက်တွေရှိတယ်” ဟု ဦးဘောက် နော်ကပြောသည်။
ဧည့်စာရင်းတိုင်မည့်သူအနေဖြင့် အမည်၊ အဖအမည်၊ နေရပ်လိပ်စာ၊ မှတ်ပုံတင်နံပတ်၊ မှတ်ပုံတင်မရှိက မရှိကြောင်း တို့ကိုလာရောက်ပြောကြားရမည်ဖြစ်ပြီး ဧည့်စာရင်းတိုင်ကြားရာတွင် အခမဲ့ဆောင်ရွက်ပေးခြင်းဖြစ် သည်ဟု ဆိုသည်။
ထို့ပြင် သီတာရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင်လည်း ဖေဖော်ဝါရီ ၁၆ ရက်နေ့မှစ၍ ယနေ့အချိန်ထိ ဧည့်စာရင်းတိုင်ကြားသူ ၃၀ ကျော်ရှိပြီဖြစ်ကြောင်း သိရသည်။
ဧည့်စာရင်းကို တစ်လတစ်ကြိမ်တိုင်ရမည်ဖြစ်ပြီး မိမိအိမ်၌ လာရောက်တည်ခိုသည့်ဧည်သည်များကို သုံးရက် သို့မဟုတ် တစ်ပတ် ဧည့်စာရင်းတိုင်ရမည်ဖြစ်ကြောင်း သီတာရပ်ကံင်အုပ်ချုပ်ရေးမှူးဦးဝင်းဇော်ဦး ကပြောသည်။
သက်ဆိုင်ရာက တာဝန်ရှိသူများ လာရောက်စစ်ဆေးချိန်တွင် ဧည့်စာရင်းတိုင်ကြားထားခြင်းမရှိပါက၁၀၀၀၀ ထက်မပိုသောငွေဒဏ်၊ခုနစ်ရက်ထက်မပိုသော ထောင်ဒဏ်တို့ကို ကျခံရမည် ဖြစ်ကြောင်း သိရသည်။
ဧည့်စာရင်းတိုင်ကြားခြင်းနှင့်ပတ်သက်၍ လူထုအစိုးရက ဖျက်သိမ်းခဲ့သော်လည်း စစ်တပ်အာဏာလု ယူပြီးနောက် ဖေဖော်ဝါရီလ ၁၃ ရက်တွင် ဧည်စာရင်းလာရောက် တိုင်ကြားရမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
Published
Monday, February 22, 2021
မြစ်ကြီးနားတွင် ပြည်သူတစ်ချို့ ဧည့်စာရင်းတိုင်ကြားမှုပြုလုပ်နေပြီဖြစ်ဟု ဆို