ပူတာအိုမြို့တွင် ဖမ်းဆီးခံရသော လူငယ်ငါးဦးကို နမ့်ဖော့အကျဉ်းထောင်သို့ ရွှေ့ပြောင်း

ပူတာအိုမြို့တွင် ဖမ်းဆီးခံရသော လူငယ်ငါးဦးကို နမ့်ဖော့အကျဉ်းထောင်သို့ ရွှေ့ပြောင်း
by -
ခေါင်ညွယ် (KNG)

ကချင်ပြည်နယ် ပူတာအိုမြို့တွင်  ဖမ်းဆီးခံရသော လူငယ်ငါးဦးကို မြို့နယ်ရဲစခန်းထိန်းသိမ်းထားရာမှ နမ့်ဖော့အကျဉ်းထောင်သို့ ရွှေ့ပြောင်း လိုက်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါလူငယ်များသည် ပူတာအိုမြို့နယ်တွင် စစ်အာဏာသိမ်း ဆန္ဒပြရာတွင်ပါဝင်ခဲ့သူများဖြစ်ပြီး ၎င်းတို့ကိုလိုက်လံဖမ်းဆီး နေသ ဖြင့် ဖေဖော်ဝါရီ ၉ ရက်မှစ၍ တိမ်းရှောင်ခဲ့သော်လည်း ဖေဖော်ဝါရီ ၁၉ရက် ည ၉နာရီခန့်တွင် ၎င်းတို့ပုန်းအောင်းနေသည့်တောထဲ၌ ပင် ဖမ်းဆီးခံလိုက်ရ ခြင်းဖြစ်ကြောင်း သိရသည်။

“သူတို့ကို ထိန်းသိမ်းထားတဲ့ မြို့မရဲစခန်းကနေ နမ်ဖော့အကျဉ်းဦးစီးထောင်ကို ရွှေ့လိုက်ပြီလို့သိရတယ်။ ရွှေ့တယ်ဆိုတာက ကျွန်တော်တို့ပြည်သူတွေ ဒီနေ့အဲရဲစခန်းမှာ ဆန္ဒပြမယ်ဆိုတာတွေ ကြားထားလို့ထင်တယ်။ ရွှေ့လိုက်ပြီ။မနေ့ည ဖမ်းသွားတာ အားလုံးကိုးယောက်ဖမ်းသွားတယ်။ အဲလူငယ်ငါးယောက်ကလွဲပြီး ကျန်တဲ့လေးယောက်ကိုတော့ ခုဘဲလွှတ်ပေးလိုက်ကြတယ်”ဟု အဆိုပါဒေသခံကပြောသည်။

ယမန်ညကဖမ်းဆီးရာတွင် အဆိုပါလူငယ်ငါးဦးအပြင် ခြံတွင်အတူရှိနေသည့်အပေါင်းအဖော်လေးဦး စုစုပေါင်းကိုးဦးကို ဖမ်းဆီး သွားခြင်းဖြစ်ပြီး နောက်တစ်ရက်တွင် လေးဦးကိုပြန်လည်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။

“သူတို့ ငါးယောက်က ဆန္ဒပြဦးဆောင်တာမဟုတ်ဘူး။ ပါဝင်တဲ့လူငယ်တွေဘဲဖြစ်တယ်။ ဆန္ဒပြတဲ့ထဲတောင်မှာ နှစ်ရက်ဘဲ ပါလိုက်ကြတယ်။ အဲဒီနောက်တော့ သူတို့ကိုဖမ်းမယ်ဆီးမယ့် ဆိုတဲ့သတင်းကြောင့် အရင်ပတ်အင်္ဂါနေ့ကစပြီး တိမ်းရှောင်သွား ကြတာ။ဒီညတော့ ဖမ်းသွားပြီဆိုပြီး သတင်းကြားတယ်။ ကျွန်တော်တို့လည်း ဘာအဆက်အသွယ်မှမရသေးပါဘူး။ သူတို့ပုန်းနေတဲ့ နေရာကို စစ်သားတွေရောက်လာပြီးဖမ်းသွားတာလို့ သိရတယ်။ ဖြစ်နိုင်တာကတော့ စစ်သားတွေက သူတို့ဘာ သာရှာ တွေ့တာ တော့ မဟုတ်နိုင်ဘူး။ အတွင်းကတစ်ယောက်ယောက် သတင်းပေးလို့ပေါက်ကြားသွားတဲ့ ပုံစံဖြစ်နိုင်တယ်”ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးကပြောသည်။

ထို့ပြင် ပူတာအိုမြို့တွင်း ဆန္ဒထုတ်ဖော်သည့်သူများအား ဖမ်းဆီးမှုများ ဆက်တိုက်လုပ်ဆောင်လာကြောင်း၎င်းက ဆက်လက် ပြောသည်။

"ဆန္ဒပြတဲ့သူတွေကို တစ်ရက်ပြီးတစ်ရက်လိုက်ကြည့်တယ်။ ဒီနေ့ဘယ်သူကခေါင်းဆောင်လဲဆိုတာကို လိုက်ကြည့်ကြတယ်။ အမှန်တော့ ခေါင်းဆောင်တော့မဟုတ်ဘူး။ ဆန္ဒပြတဲ့နေရာမှာ  ပြည်သူတွေကိုစနစ်တကျလေးဖြစ်အောင်တန်းစီပေးတာမျိုး အဲမျိုး လူတွေကိုဆိုအဲနေ့အတွက် ခေါင်းဆောင်ဆိုပြီး စာရင်းယူတယ်။ အဲတော့ နာမည်တွေက ဒီနေ့မှာဘယ်သူ ဘယ်သူ ဆိုပြီး ထွက်လာ တာ။ အဲဒါကို နီးစပ်ရာကနေ ကျွန်တော်တို့လည်း သတင်းကြားနေရတယ်။ ခုသတင်းထွက်တဲ့သူတွေလည်း အများကြီး ရှိနေ သေးတယ်”ဟု  ၎င်းကပြောသည်။

လက်ရှိအချိန်တွင် ဖမ်းဆီးခံထားရသည့် လူငယ်ငါးဦးအမြန်ဆုံးလွတ်မြောက်နိုင်ရန်အတွက် ရှေ့နေများနှင့်သက်ဆိုင်ရာ လူကြီးများ က လုပ်ဆောင်နေပြီဖြစ်ကြောင်း သိရသည်။

ပူတာအိုမြို့တွင်း ယခုကဲ့သို့ဖမ်းဆီးခံရမူများရှိနေသော်လည်း စစ်အာဏာရှင်အားဆန့်ကျင်ဆန္ဒထုတ်ဖော်ပွဲများသည် လူဦးရေပိုမို များလာ ကြောင်း သိရသည်။

ကချင်ပြည်နယ်တွင် စစ်အာဏာဆန့်ကျင်သည့် ဆန္ဒထုတ်ဖော်ပွဲအား ဖေဖော်ဝါရီ ၈ရက်မှ စတင်လုပ်ဆောင်ခဲ့ရာ ဖေဖော်ဝါရီ ၁၉ ရက်တွင် မြစ်ကြီးနားမြို့တွင်း ဆန္ဒထုတ်ဖော်ရတွင် ဖမ်းဆီးခံသည့် ပြည် သူ ၁၀ဦးကျော်ရှိခဲ့သော်လည်း PCG ၏ညှိနိူင်းပေးမှုဖြင့် ပြန်လည်လွတ်မြောက်လာပြီဖြစ်သည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...