အာဏာသိမ်းစစ်ကောင်စီနှင့် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးညှိနှိုင်းမှုများကို ရပ်ဆိုင်းထားမည်ဟု PPST အဖွဲ့ပြော

အာဏာသိမ်းစစ်ကောင်စီနှင့် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးညှိနှိုင်းမှုများကို ရပ်ဆိုင်းထားမည်ဟု PPST အဖွဲ့ပြော

လက်ရှိကာလတွင် အာဏာသိမ်းစစ်ကောင်စီနှင့် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးညှိနှိုင်းမှုများကို ရပ်ဆိုင်းထားမည်ဟု အပစ်ရပ်အဖွဲ့များ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ၏ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးကပြောသည်။

NCA အပစ်ရပ်အဖွဲ့များ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) က ဖေဖော်ဝါရီ ၁၉ ရက်နှင့် ၂၀ ရက်တွင် အွန်လိုင်းကနေပြုလုပ်သည့် အထူးအစည်းအဝေးတွင် ထိုသို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

PPST ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက “ကျွန်တော်တို့မှာ နိုင်ငံရေးဆွေးနွေးပွဲ လုပ်တဲ့အခါမှာ အစုအဖွဲ့တွေရှိပါတယ်။ အဲဒီအစုအဖွဲ့တွေထဲမှာ ရှင်းရှင်းလင်းလင်း မြင်ရဖို့ဆိုရင် တပ်မတော်ရှိတယ်။ အစိုးရရှိ တယ်လေ အစိုးရ လွှတ်တော်တွေရှိတယ်။ ဒီနေ့ဒီကာလမှာ အားလုံးသိကြတဲ့အတိုင်းပဲ အဲဒီအစုအဖွဲ့တွေက မရှိဘူးလေ။ မရှိတော့ ဘာဖြစ်သွားလဲ။ အဲဒီအစုအဖွဲ့က မရှိတဲ့နေရာမှာ ဘယ်လို အလုပ်ခံရသလဲဆိုတော့ ဒီလိုမျိုး ဖြစ်နေတဲ့ အချိန်မှာ ကျတော့ ကျွန်တော်တို့တွေက အဲဒီ ပဲ့ထွက်နေတဲ့အပိုင်းတွေ အစိတ်အပိုင်းတွေ မစုံညီတဲ့ဟာတစ်ခုကို ကျွန်တော်တို့ ဆက်လုပ်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူးလေ။ ဒီလိုဟာမျိုး ရှိနေတဲ့အခါ ကျတော့ ကျွန်တော်တို့က ဒီမှာပဲ ရှင်းရှင်းလင်းလင်း နားလည်ထားဖို့က ဒီလိုအခြေအနေ မျိုးအောက်မှာ ကျွန်တော်တို့ ဒီလိုနိုင်ငံရေး ဆွေးနွေး ပွဲမျိုးက အဲဒီစစ်ကောင်စီနဲ့ ဆွေးနွေးဖို့ဆိုတာကို လမ်းကို မရှိပါဘူး။ ဒီအချိန်ဒီကာလမျိုးမှာ” ဟုပြောသည်။

တပ်မတော်မှ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများကို နိုင်ငံရေး တွေ့ဆုံဆွေး နွေးနိုင်ရန်အတွက် ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် အဖွဲ့ကို ဖွဲ့စည်းထားပြီး အဆိုပါ အဖွဲ့မှ တွေ့ဆုံဆွေးနွေးရန် ကမ်းလှမ်းလာပါက ထည့်သွင်းစဉ်းစားမည် မဟုတ်ကြောင်း PPST ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီး က ဆက်လက်ပြောကြားခဲ့သည်။

၎င်းက “အဲဒီကိစ္စကတော့ သူ့ဖက်ကတော့ သူ လုပ်ရမယ့်အပိုင်းဆိုတာက ဘာဖြစ်လို့လဲဆိုတော့ ဒီ NCA စာချုပ် ဟာ သူလည်း ပျက်တယ်လို့ သူမပြောဘူးလေ။ ကျွန်တော်တို့ကလည်း ဖျက်တယ်လို့ မပြောဘူး။ သို့သော် ငြားလည်းပဲ ခုနကအတိုင်း သူတို့ ဘယ်လိုပဲ တောင်းဆို တောင်းဆို ဘယ်လိုပဲ အဆိုပြုပြုပေါ့လေ။ နိုင်ငံရေး ဆွေးနွေးပွဲ လုပ်မယ် ခုနက ကျွန်တော်ပြောတဲ့အတိုင်းပါပဲ ဒီလိုပဲ့ထွက်နေတဲ့ အစိတ်အပိုင်း တစ်ခုက ကျွန်တော်တို့ ဘယ်လိုမှ လုပ်လို့မရဘူး။ ရှင်းရှင်းပြောရရင် တရားဝင်တဲ့ အစိုးရ တစ်ရပ်တော့ ရှိဖို့လိုတယ်။ ဘာဖြစ် လို့လဲ ကျွန်တော်တို့ တရားဝင်တဲ့ အစိုးရမကဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ စာချုပ်ချုပ်ဆိုက တည်းက အဲဒါ Legitimacy ရှိတဲ့ အစိတ်အပိုင်းတွေဖြစ်တယ်။ ကျွန်တော်တို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ကလည်း Legitimacy ရှိတယ်။ NCA စာချုပ်အရ ဆိုတော့က ဒီအခြေအနေမျိုးပေါ်မှာ ဒီလိုအာ ဏာ သိမ်း လိုက်တဲ့အခါမှာ ဒီလိုမျိုးက ကျွန်တော်တို့က ဘယ်လိုမှ Legitimacy လို့ လက်ခံလို့ မရဖြစ်နေသလို တစ် ကမ္ဘာ လုံးကလည်း လက်မခံပါဘူး။ အဲဒါကြောင့်မို့လို့ ဘယ်လိုပဲ တောင်းဆို တောင်းဆို ဘယ်လိုပဲ အဆိုပြုပြု ဒါတွေက ကျွန်တော်တို့ ဒီကာလမှာ စဉ်းစားမှာ မဟုတ်ပါဘူး” ဟုပြောသည်။

နှစ်ရက်တာ ပြုလုပ်သည့် PPST ၏ အစည်းအဝေးအပြီး ထုတ်ပြန်ချက်ထဲတွင် လက်ရှိ ကာလတွင် အာ ဏာသိမ်း စစ်ကောင်စီနှင့် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးညှိနှိုင်းမှုများကို ရပ်ဆိုင်းထားရန် အပါအဝင် အချက် ငါးချက်ကို ထည့်သွင်းထုတ်ပြန်ထားသည်။

အဆိုပါအချက်များမှာ စစ်အာဏာရှင်စနစ်နှင့် စစ်အာဏာသိမ်းခြင်းကို ဆန့်ကျင်သည့်  Civil Disobedien ce Movement (CMD) အပါအဝင် လူထုလှုပ်ရှားမှုများ အားလုံးကို အပြည့်အ၀ ထောက်ခံ ကြောင်းနှင့် ထိုလှုပ်ရှားမှုများနှင့် စပ်လျဉ်း၍ ပံ့ပိုးမှုများအတွက် နည်းလမ်းရှာဖွေ ပံ့ပိုးသွားရန် အပြင် ဖမ်းဆီးထိန်းသိမ်း ထားသူများ အားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးရန် ၊ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်သည့် ပြည်သူလူထုများအား အကြမ်းဖက်သော နည်းလမ်းဖြင့် နိုင်နင်း ခြင်း များကို ဆန့်ကျင်ကန့်ကွက်ကြောင်းနှင့် အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် လက်ရှိ နိုင်ငံရေး ပြဿနာ များကို နည်းလမ်းရှာ ဖြေရှင်းရေးအတွက် နိုင်ငံတကာ အသိုင်းအဝန်းအပါအဝင် ပြည်တွင်းပြည်ပ အင်အား စုများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟူ၍ ဖြစ်သည်။

PPST ၏ အထူးအစည်းအဝေးတွင် လူထုရွေးကောက်ခံ အစိုးရ မပေါ်ပေါက်သေးမီ အာဏာသိမ်းစစ်အစိုးရ အုပ်ချုပ်သည့်ကာလတွင် NCA စာချုပ်၏ ပြည်ထောင်စုအဆင့် နိုင်ငံရေးဆိုင်ရာ အကောင်အထည် ဖော်ဆောင်ရွက်မှုတွေကို ယာယီဆိုင်းငံ့ထားသင့်၊ မထားသင့် တစ်ဖွဲ့ချင်းနှင့် ဆိုင်သည့် နှစ်ဖက်သဘော တူစာချုပ် (Bilateral Agreements) များကို အခြေခံကာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဆက်လက်အကောင် အထည်ဖော်သင့်၊ မဖော်သင့် စသည်များကို ဆွေးနွေညှိနှိုင်း ဆုံးဖြတ်ခဲ့ကြသည်ဟု သိရသည်။

ထို့ပြင် လာမည့် အနာဂတ် နိုင်ငံရေးဆွေးနွေးပွဲများတွင် ချပြဆွေးနွေးနိုင်ရန် NCA-s EAO များ၏ ဖက်ဒရယ် အခြေခံမူများကိုလည်း ယခုအစည်းအဝေးတွင် ဆွေးနွေးသွားမည့်အပြင် လက်ရှိ နိုင်ငံရေး ငြိမ်းချမ်းရေး အခင်းအကျင်းနှင့် ကိုက်ညီမည့် ရှေ့လုပ်ငန်းစဉ်များကိုလည်း ဆွေးနွေးချမှတ်ခဲ့သည်ဟု ဆိုသည်။

NCA အပစ်ရပ် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှာ မြန်မာ နိုင်ငံ လုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက် တစ်တပ်ဦး ABSDF၊ ကရင်အမျိုးသား အစည်းအရုံး KNU၊ ချင်း အမျိုးသားတပ်ဦး CNF ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNLA/PC ၊ ပအို့ဝ်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ ချူပ် PNLO၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS၊ ကရင်အမျိုးသား ဒီမိုရေစီအကျိုးပြုတပ်မတော် DKBA၊ မွန်ပြည်သစ်ပါတီ NMSP နှင့် လားဟူ ဒီမိုကရက် တစ်အစည်းအရုံး LDU တို့ ဖြစ်သည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...