မိုးညှင်းမြို့ရှိ တက္ကသိုလ်များ CDM တက္ကသိုလ်များဖြစ်ကြောင်း‌ ကြေညာ

မိုးညှင်းမြို့ရှိ တက္ကသိုလ်များ CDM တက္ကသိုလ်များဖြစ်ကြောင်း‌ ကြေညာ

မိုးညှင်းမြို့တွင်ဖွင့်လှစ်ထားသည့် တက္ကသိုလ်များဖြစ်သည့် မိုးညှင်းတက္ကသိုလ်နှင့် မိုးညှင်းအစိုးရနည်း ပညာကောလိပ်တို့onf Civil Disobedience Movement (CDM) တက္ကသိုလ်များဖြစ်ကြောင်း ကြေညာလိုက်သည်။

စစ်အာဏာသိမ်းမှုကိုဆန့်ကျင်ကြောင်း၊ ၄င်းတို့တင်မြှောက်ထားသော အစိုးရမဟုတ်သည့် လက်အောက် တွင်  တာ၀န်မထမ်းဆောင်နိုင်ကြောင်း Civil Disobedience Movement ပြုလုပ်ရခြင်းဖြစ်ကြောင်း မိုးညှင်းတက္က သိုလ် ကျောင်းသားများသမ္မဂအဖွဲ့က ပြောသည်။

“ကျွန်တော်တို့မိုးညှင်းတက္ကသိုလ်ကတော့ မနေ့ (ဖေဖော်ဝါရီ ၁၈ ရက်) ကကြေညာလိုက်ပါတယ်။ CDM မှာပါ၀င်ရေးတောင်းဆို ခဲ့ကြတယ် အခုတော့ ဆရာ/ဆရာမပါ၀င်မှုကတော့ ၈၉.၃၃ ရာခိုင်နှုန်းပါပါတယ်” ဟု မိုးညှင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ အဖွဲ့၀င်တစ်ဦးကပြောသည်။

မိုးညှင်းတက္ကသိုလ်သည် CDM တက္ကသိုလ်ဖြစ်ကြောင်းကို ဖေဖော်ဝါရီ ၁၈ ရက်က ကြေညာခဲ့ခြင်းဖြစ်ပြီး မိုးညှင်း အစိုးရနည်းပညာကောလိပ်သည် CDM ပြုလုပ်ကြောင်းကို ဇန်နဝါရီ ၁၉ ရက်တွင် ကြေညာခဲ့ခြင်း ဖြစ်သည်။

“ဆရာဆရာမထဲမှ CDM လုပ်လို့ ဆရာမထဲကပဲ ပြန်ပြီးဖိအားပေးတာတွေတော့ရှိတယ်။ နယ်မြေအင် ဂျင်နီယာ နဲ့ ကျောင်းသားရေးရာဌာနရယ် အ‌ဝေးသင်ဌာန တို့ကတော့ ၁၀၀ ရာခိုင်နှုန်းပါ၀င်ပါတယ်” ဟု မိုးညှင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ အဖွဲ့၀င်တစ်ဦးကပြောသည်။

CDM တွင် မိုးညှင်းတက္ကသိုလ်မှဆရာ၊ဆရာမ ၈၉.၃၃ ရာခိုင်နှုန်းနှင့် မိုးညှင်းအစိုးရနည်းပညာကောလိပ် မှ ၇၆.၂၅ ရာခိုင်နှုန်းတို့ပါ၀င်ကာ CDM တက္ကသိုလ်အဖြစ် ကြေညာခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

တပ်မတော်သည် အကြောင်းပြချက်ခိုင်ခိုင်မာမာမရှိပဲ နိုင်ငံတော်အာဏာကို ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီ ၁ ရက်တွင် လုယူခဲ့ပြီးနောက် တစ်ပြည်လုံးတွင် စစ်အာဏာရှင်ဆန့်ကျင်သည့် ဆန္ဒပြပွဲများပြုလုပ်လျက်ရှိပြီး ပြည်သူ့ဝန်ထမ်းအများစုကလည်း မိမိတို့ရွေးချယ်ထားသည့် အစိုးရမဟုတ်သူများ၏လက်အောက်တွင် တာဝန်မထမ်းဆောင်လိုဟုဆိုကာ CDM ပြုလုပ်လျက်ရှိသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...