မြစ်ကြီးနားဆန္ဒပြပွဲတွင် ပါဝင်ခဲ့သော ကားနှင့်ဆိုင်ကယ်များကို ရဲတပ်ဖွဲ့က ဓာတ်ပုံမှတ်တမ်းတင်ထားပြီး ထိုမှတ်တမ်းအတင်ခံရသည့်ကားများ ဆန္ဒပြပွဲတွင် ပါဝင်ပါက သိမ်းဆည်းမည်ဖြစ်ကြောင်း သိရသည်။
မြစ်ကြီးနားမြို့တွင် ယနေ့ (ဖေဖော်ဝါရီ ၁၈ ရက်) ၌ ဆန္ဒပြပြည်သူများကို စစ်တပ်နှင့် ရဲတပ်ဖွဲ့က တားဆီးပိတ်ပင်မှုကြောင့် ပြည်သူများကျန်ခဲ့သည့် ကားနှင့်ဆိုင်ကယ်များကို နေရပ်လိပ်စာအပြည့်အစုံနှင့် ဓာတ်ပုံများရိုက်၍ မှတ်တမ်းတင်ကာ ပြန်လည်ပေးအပ်ခဲ့ပြီး နောက်တစ်ကြိမ်တွေ့ပါက သိမ်းဆည်းသွားမည်ဟုဆိုသည်။
မြစ်ကြီးနားမြို့ အထက (၁) နှင့် အထက (၉) ကြားတွင် ဆန္ဒပြပြည်သူများကို ရဲနှင့်စစ်တပ်ကပိတ်ဆို့ကာ ဖြိုခွင်းခဲ့သဖြင့် ယင်းနေရာတွင်ရောက်ရှိနေသော ပြည်သူများသည် ၎င်းတို့နှင့်ပါလာသည့် ဆိုင်ကယ်များ၊ ကားများကိုထား၍ ဖယ်ပေးခဲ့ကြောင်း သိရသည်။
“ရဲတပ်ဖွဲ့ဝင်တွေက နေရပ်လိပ်စာ အတိအကျရယူတယ်။ အဖေနာမည်မေးတယ်၊ မှတ်တမ်းဓာတ်ပုံရိုက်တယ်၊ ဓာတ်ပုံရိုက်တာက ဆိုင်ကယ်ပိုင်ရှင်အစစ်ဖြစ်ကြောင်းနဲ့ ပြသာနာအရှုပ်အရှင်းပေါ်လာပါက ဖြေရှင်းနိုင်အောင် မှတ်တမ်းတင်တာဖြစ်တယ်လို့ပြောတယ်“ ဟု ဆိုင်ကယ်သွားရောက်ထုတ်ယူသော ဒေသခံတစ်ဦးက ပြောသည်။
Published
Friday, February 19, 2021
မြစ်ကြီးနားတွင် ဆန္ဒပြပွဲပါဝင်ခဲ့သည့် ကားနှင့်ဆိုင်ကယ်များကို ဓာတ်ပုံမှတ်တမ်းတင်ထားပြီး နောက်တစ်ကြိမ်ဆန္ဒပြပွဲတွင် တွေ့ရှိပါက သိမ်းဆည်းမည်ဟုဆို