ကချင်တွင် CDM တွင်ပါဝင်သည့် ဝန်ထမ်းအရေအတွက် လျော့နည်းလာ

ကချင်တွင် CDM တွင်ပါဝင်သည့် ဝန်ထမ်းအရေအတွက် လျော့နည်းလာ
by -
ခေါင်ညွယ် (KNG)

ကချင်ပြည်နယ်၊ ပူတာမြို့တွင် စစ်အာဏာရှင်စနစ်မလိုလားကြောင်း ဆန္ဒပြဖော်ထုတ်သော ဝန်ထမ်များကို ဖမ်းဆီးမှုများလုပ်လာသောကြောင့် စိုးရိမ်မှုများရှိနေကြောင်း ဒေသခံတစ်ဦးထံမှသိရသည်။

ဖေဖော်ဝါရီ ၆ ရက်မှ ၁၇ ရက်အထိ ပူတာအို CDM လှုပ်ရှားမှုများတွင် အစိုးရဝန်ထမ်း အများအပြား ပါဝင်လာခဲ့သော်လည်း အဆိုပါဝန်ထမ်းများကို အမည်စာရင်းကောက်ကာ ဆန္ဒပြပွဲတွင်မပါဝင်ရန် ဝန်ခံကတိထိုးခိုင်းသည့် လုပ်ရပ်ရှိနေသောကြောင့် CDM တွင်ပါဝင်သည့် ဝန်ထမ်းဦးရေ လျော့နည်းလာကြောင်း သိရသည်။

“ဆန္ဒပြပွဲစလုပ်တုန်းက ၂ ရက်လောက်အထိက ဌာနဆိုင်ရာအစိုးရဝန်ထမ်းတွေ အများကြီးပါဝင်လာတယ်။ ပူတာအိုမြို့ရဲ့ မြို့နယ်ဦးစီးမှူးကိုယ်တိုင်က ဝန်ထမ်းတွေကို CDM မှာ ပါဝင်ဖို့ခွင့်ပြုထားတယ်။ ဒါပေမယ့် ခရိုင်ဦးစီးမှူးက မလုပ်ခိုင်းဘူး။ အဲ့ကြောင့် ဆန္ဒပြပွဲ သုံးရက်နေ့မြောက် CDM ပါဝင်တဲ့ ဝန်ထမ်းတွေကို အမည်စာရင်းကောက်ပြီး စစ်တပ်နဲ့ပေါင်းပြီး ဖမ်းဆီးတာတွေလုပ်တယ်။ အတင်းဖမ်းဆီးပြီးမှ CDM ဆက် လက်မလုပ်ဖို့ ဝန်ခံကတိတွေ ထိုးခိုင်းနေတယ်။ အဲ့ကြောင့် အစိုးရဝန်ထမ်းတွေက ဒေသခံတွေဦးဆောင်တဲ့ ဆန္ဒပြပွဲမှာမပါဝင်ကြတော့ဘူး” ဟု ဆိုသည်။

လက်ရှိတွင် ဒေသခံပြည်သူများဦးဆောင်သည့် ဆန္ဒထုတ်ဖော်မှုတွင် ပါဝင်ခဲ့သော ဝန်ထမ်း ၁၅ ဦးခန့်ကို အာဏသိမ်းစစ်ကောင်စီဘက်က ရှာဖွေနေသောကြောင့် ထွက်ပြေးနေရကြောင်း သိရသည်။

ဆန္ဒပြပွဲတွင် သစ်တော၊ ကျန်းမာရေး၊ ပညာရေးနှင့် ဆောက်လုပ်ရေးအဖွဲ့ စသည့်ဌာနဆိုင်ရာအသီးသီးက CDM အဖြစ် ပါဝင်ခဲ့သော်လည်း လက်ရှိတွင် ဖမ်းဆီးခံရမည်ကို စိုးရိမ်နေသဖြင့် CDM လှုပ်ရှားမှု မပြုလုပ်ကြကြောင်း သိရသည်။

ပူတာအိုမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲကို ဖေဖဝါရီလ ၅ ရက်နေ့မှ စတင်ဆန္ဒဖော်ထုတ်ခဲ့သည်မှာ ယခုချိန်ထိ ၁၀ ကျော်ရှိနေပြီဖြစ်ပြီး စစ်အာဏာရှင်ပြုတ်ကျရေးအတွက် ဆန္ဒထုတ်ဖော်မှုကို ရပ်တန့်သွားမည်မဟုတ်ဘဲ ငြိမ်းချမ်းစွာ ဆက်လက်ထုတ်ဖော်သွားမည်ဖြစ်ကြောင်း ဆန္ဒပြဦးဆောင်သည့် တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

Civil Disobedience Movement (CDM) တွင် ပါဝင်နေသော ဝန်ထမ်းများကို ဖမ်းဆီးနေသည်မှာ ပူတာအိုမြို့နယ်သာမက တစ်နိုင်ငံလုံးတွင်လည်း ဖြစ်ပွားနေသည်ကို တွေ့ရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...