ဆန္ဒဖော်ထုတ်ရန်လာရောက်သည့် တောင်ကုတ်မြို့နယ်မှ NLD ပါတီဝင်လူငယ် သုံးဦးဖမ်းဆီးခံရ

ဆန္ဒဖော်ထုတ်ရန်လာရောက်သည့် တောင်ကုတ်မြို့နယ်မှ NLD ပါတီဝင်လူငယ် သုံးဦးဖမ်းဆီးခံရ
by -
မင်းထွန်း (DMG)

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်မှ NLD ပါတီဝင်လူငယ် သုံးဦးကို ယနေ့ (ဖေဖေါ်ဝါရီ ၁၇ ရက်) နံနက် ၉ နာရီခွဲအချိန်က တောင်ကုတ်ရဲစခန်းက ဖမ်းဆီးသွားခဲ့ကြောင်း သိရသည်။

 

ဖမ်းဆီးခံရသူသုံးဦးမှာ တောင်ကုတ်မြို့နယ်၊ နတ်မော်ကျေးရွာမှ NLD မြို့နယ်လူငယ်တာဝန်ခံ ကိုချစ်မောင်မောင်၊ ဦးခင်သက်နှင့် ကိုဇော်ဝင်အောင်တို့ဖြစ်ကြောင်း တောင်ကုတ်မြို့နယ် NLD ပါတီမှ သိရသည်။

 

၎င်းတို့သည် စစ်အာဏာရှင်ဆန့်ကျင်ကြောင်း ဆန္ဒဖော်ထုတ်ရန် မြို့ပေါ်သို့သွားရောက်စဉ် ဖမ်းဆီးခံလိုက်ရခြင်းဖြစ်ကြောင်း တောင်ကုတ်မြို့နယ် NLD ပါတီဝင် ဒေါ်ချစ်ချစ်ချောက ပြောသည်။

 

“ရဲကဖမ်းသွားတယ်။ သူတို့က ဆန္ဒပြဖို့လာတာဘဲရှိသေးတယ်။ ဖမ်းဆီးခံလိုက်ရတယ်။ အခုတော့ တောင်ကုတ်ရဲစခန်းမှာ ထိန်းသိမ်းထားတယ်။ အမှုကတော့မဖွင့်သေးဘူး” ဟု ဒေါ်ချစ်ချစ်ချောက ဆိုသည်။

 

ယနေ့နံနက်ပိုင်းတွင် NLD ပါတီဝင် လူငယ်သုံးဦးအပါအဝင် တောင်ကုတ်ဒေသခံ ၅၀ ဦးခန့်သည် စစ်အာဏာသိမ်းမှုအား ကန့်ကွက်ဆန္ဒဖော်ထုတ်ရန် မြို့ပေါ်သို့သွားရောက်စဉ် ယင်းသို့ ဖမ်းဆီးမှုဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

တောင်ကုတ်မြို့နယ်အတွင်းမှ NLD ပါတီဥက္ကဋ္ဌ ဦးတင်သိန်းအောင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးမင်းအောင်တို့မှာလည်း ဖမ်းဆီးခံထားရပြီး လက်ရှိအချိန်ထိ မိသားစုနှင့်အဆက်အသွယ်မရရှိသေးကြောင်း သိရသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...