ဖေဖော်ဝါရီ ၁၅ ရက်ကို Silence Day အဖြစ် သတ်မှတ်ခဲ့သော်လည်း လွိုင်ကော်ပြည်သူများ ဆန္ဒပြမှု မရပ်

ဖေဖော်ဝါရီ ၁၅ ရက်ကို Silence Day အဖြစ် သတ်မှတ်ခဲ့သော်လည်း လွိုင်ကော်ပြည်သူများ ဆန္ဒပြမှု မရပ်
by -
နော်ဒွေးအယ်ခူ (KT)

စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုသပိတ်ကော်မတီက ဖေဖော်ဝါရီ ၁၅ ရက်ကို Silence Day အဖြစ် သတ်မှတ်ခဲ့သော်လည်း လွိုင်ကော်မြို့ ဒေသခံတစ်ရာကျော်က မြို့တွင်းလှည့်လည် ဆန္ဒပြခဲ့ကြောင်း သိရသည်။ 

 

ဒေသခံများသည် ဖေဖော်ဝါရီ ၁၅ ရက် မနက်ပိုင်းမှာပင် နောင်ယားကန်တွင်စုဝေး၍ လွိုင်ကော်မြို့တွင်း စစ်အာဏာရှင်စနစ်အလိုမရှိကြောင်း လှည့်လှည်ကြွေးကြော်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအလံများကို ကိုင်ဆောင်လွှင့်ထူခဲ့ကြောင်း သိရသည်။ 

 

စစ်အာဏာရှင်ကို ဆန္ဒပြချိန်တွင် ပါတီအလံနှင့်တံဆိပ်များကို အသုံးမပြုရန် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုလုပ်ရှားမှုသပိတ်ကော်မတီ (ကယားပြည်နယ်) က မေတ္တာရပ်ထားသည်။

 

သို့သော်လည်း လွိုင်ကော်တွင် အာဏာရှင်ကိုဆန့်ကျင်မှုသည် တစ်နေ့ထက်တစ်နေ့ကြီးမားလာပြီး ဝန်ထမ်းများလည်း CDM တွင် ပူးပေါင်းပါဝင်လာလျက်ရှိသည်။

 

ထို့ကြောင့် လူထုလှုပ်ရှားမှုတွင်ပါဝင်ခဲ့သည့် ကယားပြည်နယ်မှ ထွေအုပ်ဝန်ထမ်းနှစ်ဦးဖြစ်သော လွိုင်ကော် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှူးနှင့် နန်းမယ်ခုံမြို့ အုပ်ချုပ်ရေးမှူးတို့ကို တာဝန်မှ ယာယီရပ်ဆိုင်းမှုပြုလုပ်ခဲ့သည်။

 

အဆိုပါအရေးယူမှုသည် ကယားပြည်နယ်တွင် အာဏာရှင်ဖီဆန်သော လူထုလှုပ်ရှားမှုတွင်ပါဝင်သည့် ပြည်သူ့ဝန်ထမ်းများအနက် ပထမဆုံးအရေးယူခြင်းဖြစ်ကြောင်း သိရသည်။

 

လက်ရှိတွင် အာဏာဖီဆန်သော လူထုလှုပ်ရှားမှုပြုလုပ်နေသည့် ဒီးမော့ဆိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဌာနမှ ဝန်ထမ်းများကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဉာဏ်လှိုင်ကိုယ်တိုင် တိုင်ကြားမှုများပြုလုပ်နေပြီး အရေးယူခြင်းမရှိသေးကြောင်း သိရသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...