ကယားပြည်နယ်က စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်အဖြစ်ခန့်အပ်ခံရသူနှစ်ဦး တာဝန်မထမ်းဆောင်လိုကြောင်း ငြင်းဆို

ကယားပြည်နယ်က စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်အဖြစ်ခန့်အပ်ခံရသူနှစ်ဦး တာဝန်မထမ်းဆောင်လိုကြောင်း ငြင်းဆို
by -
နော်ဒွေးအယ်ခူ (KT)

ကယားပြည်နယ်က စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ခန့်အပ်ခံရသူ နှစ်ဦးစလုံး တာဝန်မထမ်းဆောင် လသဖြင့် ငြင်းဆိုခဲ့ကြောင်း သိရသည်။ 

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီက ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၁၉နှင့် အညီဟု ဆိုကာ တိုင်းဒေသကြီး(သို့မဟုတ်) ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ကို ဖေဖော်ဝါရီ ၁၁ရက်တွင် ခန့်အပ်တာဝန်ပေးအပ်ရာတွင် ကယားပြည်နယ်မှ ဦးပေါလူချမ်းနှင့်ဒေါ်စူးမြာယဉ်ယဉ် လေး တို့အမည်များပါဝင်ခဲ့ရာ ၎င်းတို့က တာဝန်ထမ်းဆောင်ရန်ငြင်းဆိုလိုက်ခြင်းဖြစ်သည်။

ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်အဖြစ်ခန့်အပ်ခံရသနှစ်ဦးလုံးသည် လွိုင်ကော်မြို့မှ ဖြစ်ပြီး  ဦးပေါလူချမ်းသည်  နာနတ်တောရပ်ကွက်တွင် နေထိုင်ခြင်းဖြစ်ပြီး ဒေါ်စူးမြာယဉ်ယဉ်လေးသည် ထေးသမရပ်ကွက် တွင် နေထိုင်သူများဖြစ်ကြေား သိရသည်။

 

အဆိုပါ တာဝန်များကို ၎င်းတို့နှစ်ဦးသည် ကျန်းမာရေးအခြေအနေအကြောင်းပြ၍ ငြင်းဆိုခဲ့ခြင်းဖြစ်ပြီး  စီမံအုပ်ချုပ်ရေးကောင်စီအဆင့်ဆင့်တွင် တာဝန်ပေးအပ်ခြင်းမှ ကင်းလွတ်ခွင့်ပြုရန် ဖေဖော်ဝါရီ ၁၂ရက်တွင် ကယားပြည်နယ် လွိုင်ကော်ရှိ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် ကို တင်ပြထားခဲ့ကြောင်း သိရသည်။

 

တိုင်းနှင့်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များအဖြစ် တိုင်းနှင့်ပြည်နယ် ၁၄ခုတွင် နှစ်ဦးစီကို ဖေဖော်ဝါရီ ၁၁ရက်တွင် ထပ်မံခန့်အပ်ခဲ့ခြင်းဖြစ်ပြီး  လက်မခံသူများလည်း ထွက်ပေါ်လာလျက်ရှိ ကြောင်း သိရသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...