ကချင်ပြည်နယ်ပြည်သူ့ပါတီအနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွင် ပါဝင်ရန် အားဏာသိမ်းစစ်တပ်၏ကမ်းလှမ်းချက်ကို လက်မခံကြောင်း ကချင်ပြည်နယ်ပြည်သူ့ပါတီ(KSPP) ပါတီမှ ဒုဥက္ကဌ ဦးကွမ်ဂရောင်အောင်ခမ်းကပြောသည်။
"ပထမ အာဏာသိမ်းပြီးချင်းကတော့ ဥက္ကဌကိုကမ်းလှမ်းတာ ဒါကတော့နိုင်ငံတော်ကောင်စီအဆင့်အနေနဲ့ကမ်းလှမ်းလာ တယ်။ဒုတိယအဆင့်အနေနဲ့တော့ ပါတီတိုင်းကိုကမ်းလှမ်းလာခြင်းဖြစ်ပါတယ်။ နှစ်ခုစလုံးကို ကျွန်တော်တို့အနေနဲ့လက်ခံခြင်း မရှိဘူး။လက်မခံရတဲ့အကြောင်းရင်းကလည်း ခုလက်ရှိမှာအာဏာသိမ်းတဲ့အခြေနေမျိုးဖြစ်နေပါတယ်။ ကျွန်တော်အနေနဲ့ အာဏာ သိမ်းတာဘဲဖြစ်ဖြစ်၊ ထိန်းတာဘဲဖြစ်ဖြစ် လုံးဝလက်မခံနိုင်ပါဘူး”ဟု ကချင်ပြည်နယ်ပြည်သူ့ပါတီမှ ဒုက္ကဌဦးကွမ်ဂရောင်အောင် ခမ်းကပြောသည်။
ဖေဖော်ဝါရီ ၁ရက် စစ်တပ်က နိုင်ငံတော်အာဏာကို လုယူသိမ်းပိုက်ပြီးနောက် တိုင်းရင်းသားပါတီများအား နိုင်ငံတော်အုပ်ချုပ် ရေးကောင်စီတွင် ပါဝင်ရန်ကမ်းလှမ်းမှုများပြုလုပ်ခဲ့ပြီး တိုင်းရင်းသားပါတီတစ်ချို့က ထိုနေရာပေးမှုကို လက်ခံရယူခဲ့သည်။
ကချင်ပြည်နယ်ပြည်သူ့ပါတီအနေဖြင့် လက်ရှိဖြစ်ပေါ်နေသည့်နိုင်ငံရေးအခင်းအကျင်းအား နိုင်ငံရေးနည်းလမ်းဖြင့် ညှိနိူင်းအဖြေ ရှာခြင်းမျိုးသာ လုပ်ဆောင်ရန် ဖေဖော်ဝါရီ၆ရက်တွင်လည်း တိုင်းရင်းသားပါတီ ငါးခုကသဘောထားထုတ်ပြန်ထားသည်။
"ကျွန်တော်တို့ပါတီ ငါးပါတီရဲ့သဘောထားကိုလည်း ထုတ်ပြန်ပြီးဖြစ်ပါတယ် ကျွန်တော်တို့ရဲ့သဘောထားက ပြည်သူလူထုတွေနဲ့ တစ်သားတည်းဖြစ်ပါတယ်။ ခုလက်ရှိစစ်အာဏာရှင်စနစ်သွားတာကိုလည်း အားလုံးအမြန်ဖြေရှင်းဖို့လိုတယ်။ အဓိကတော့ တွေ့ဆုံစကားပြောဖို့လိုတယ်။ ဒီမိုကရေစီတွေအင်အားစုပါဝင်ဖို့လိုသလို စစ်တပ်ကလည်းပါဝင်ဖို့လိုတယ်။ နောက်တစ်ချက် ကတော့ တိုင်းရင်းသားအင်အားတွေလည်း အားလုံးတစ်”ဟု ပါတီဒုက္ကဌ ဦးအောင်ခမ်းကပြောသည်။
စစ်အာဏာသိမ်းပြီး တစ်ပတ်အကြာ ကချင်ပြည်နယ်တွင် ဖေဖော်ဝါရီ ၈ ရက်မှစ၍ စစ်အာဏာသိမ်းမှုအား ဆန့်ကျင်သည့် ဆန္ဒပြပွဲ များအား နေ့စဉ်ဆန္ဒထုတ်ဖော်လျှက်ရှိနေကြသည်။
အဆိုပါ ဆန္ဒထုတ်ဖော်ရာတွင် တိုင်းရင်းသားအများစုကိုင်ဆောင်ထားသည့် ဆိုင်းဘုတ်များတွင် ဖွဲ့စည်းပုံအခြေခံဥပ ဒေဖျက် သိမ်းရေး၊ ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေး၊၁၉၄၇ ပင်လုံစာချုပ်၊အစရှိသည့် ပိုစတာ၊ဆိုင်းဘုတ်များကိုင်ဆောင်လျက် ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်လျက်ရှိသည်။