တပ်အာဏာသိမ်းမှုအပေါ် ဆန္ဒပြမှုတွင် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC အသင်းသားများအနေဖြင့် ယနေ့ (ဖေဖော်ဝါရီ ၁၁ ရက်) တွင် ပါဝင်လာကြောင်း သိရသည်။
အာဏာသိမ်းမှုအပေါ် KBC အသင်းသားများအနေဖြင့် ပါဝင်ရန်ထုတ်ပြန်ထားခဲ့ပြီးနောက် တစ်ရက်အကြာတွင် ယခုလို ပါဝင်လာခြင်းဖြစ်သည်။
အဆိုပါ ဆန္ဒပြမှုကို သိက္ခာတော်ရ ဘာသာရေးဆရာများဦးဆောင်၍ နံနက် ၈ နာရီခွဲအချိန် KBC မြစ်ကြီးနားဇုံနယ်ရုံးမှ ထွက်ခွာလာပြီး မြို့မ စျေး (၁) မှတဆင့် ဘူတာရုံလမ်းကို ပြန်လှည့်၍ နဂိုစုရပ်သို့ပြန်လာကာ ဆန္ဒပြမှကို အဆုံးသတ်ခဲ့သည်။
ထို့ပြင် အစိုးရဝန်ထမ်းများ ရုံးမသွားရေး CDM လှုပ်ရှားမှုကိုလည်း ထောက်ခံရန်နှင့် လမ်းလျှောက်ဆန္ဒပြမှုကိုလည်း အသင်းတော်များဦးဆောင်ပြီး သင့်လျော်သလိုပါဝင်ရန် ဖေဖော်ဝါရီ ၁၀ ရက်တွင် KBC က ထုတ်ပြန်ထားသည်။
နိုင်ငံတော်အတွက် ဆုတောင်းခြင်းအစီစဉ်ကိုလည်း တစ်ရက်သုံးကြိမ် ပြုလုပ်ရန် ထည့်သွင်းရေးသားထားသည်။
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သော လူထုဆန္ဒဖော်ထုတ်မှုမှာ မြစ်ကြီးနားမြို့တွင် ယနေ့ဆိုလျှင် စတုတ္တနေ့သို့ ရောက်ရှိလာပြီဖြစ်သည်။
Published
Thursday, February 11, 2021
စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြမှုတွင် KBC ပါဝင်လာ