ချင်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်ဥက္ကဌနှင့် အတွင်းရေးမှူးအားလုံးကို ဖမ်းဆီးထား

ချင်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်ဥက္ကဌနှင့် အတွင်းရေးမှူးအားလုံးကို ဖမ်းဆီးထား

ချင်းပြည်နယ် ခရိုင်နှင့်မြို့နယ်အားလုံးမှ ရွေးကောက်ပွဲကော်မရှင်ဥက္ကဌနှင့် အတွင်းရေးမှူးအားလုံးကို ယမန်နေ့ည သန်းခေါင်ယံအချိန်က တပ်မတော်က ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု သိရသည်။

 

ချင်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ အတွင်းရေးမှူး ဦးလင်းကျော်က “ခရိုင်၊ မြို့နယ် ဥက္ကဌနဲ့ အတွင်းရေးမှူးတွေ ပါသွားတယ်ကြားတယ်။ ကျွန်တော်တို့က ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့အတွက်ကြောင့် ရွေးကောက်ပွဲမှာ နိုင်ငံတော်ကောင်စီရဲ့ Road Map ထဲမှာပါတာ ကျွန်တော်တို့နဲ့ သက်ဆိုင်တာနှစ်ခုရှိတယ်။ ပထမတစ်ခုကတော့ မဲစာရင်းနဲ့ပတ်သက်ပြီးဖြစ်နိုင်တယ် နောက်ပိုင်းကျရင် ရွေးကောက်ပွဲလုပ်ဖို့အတွက်ဖြစ်မယ်။ အခုလောလောဆယ် ခေါ်သွားတဲ့အကြောင်းရင်းကတော့ မဲစာရင်းကြောင့်လို့ယူဆတယ်” ဟုပြောသည်။

 

ဦးလင်းကျော်သည် ပြီးခဲ့သည့်ရက်ပိုင်းကတည်းက ဗဟိုမှဆင့်ခေါ်သည့်အတွက် နေပြည်တော်သို့ရောက်ရှိနေခဲ့ပြီး ယနေ့ညနေပိုင်းတွင် ဟားခါးမြို့သို့ ရောက်ရှိမည်ဟု သိရသည်။

 

“ကျွန်တော်လည်း ရောက်လို့ရှိရင် သွားလိုက်မယ် လှမ်းပြောထားတယ်၊ ကျွန်တော်လာခဲ့မယ် ကျွန်တော့်နေရာချန်ထားဆိုပြီး ပြောထားတယ်" ဟု ဦးလင်းကျော်ကပြောသည်။

 

ချင်းပြည်နယ်တွင် ခရိုင်လေးခုနှင့် မြို့နယ်ကိုးခုရှိသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...