မင်းတပ်မြို့တွင် တတိယမြောက်နေ့အဖြစ် စစ်အာဏာသိမ်းမှုဆန့်ကျင်ကြောင်း ပြည်သူငါးထောင်ကျော် ဆန္ဒဖော်ထုတ်

မင်းတပ်မြို့တွင် တတိယမြောက်နေ့အဖြစ် စစ်အာဏာသိမ်းမှုဆန့်ကျင်ကြောင်း ပြည်သူငါးထောင်ကျော် ဆန္ဒဖော်ထုတ်

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့တွင် တပ်မတော်အာဏာသိမ်းယူမှု ဆန့်ကျင်ကြောင်း တတိယမြောက်နေ့ ဆန္ဒထုတ်ဖော်မှု ဆက်လက်ဆင်နွှဲခဲ့ကြပြီး အစိုးရဝန်ထမ်းများအပါအဝင် အင်အား ၅၀၀၀ ကျော် ပါဝင်ခဲ့ကြသည်။

 

“မနေ့ကထက် များလာတယ် ဝန်ထမ်းတွေလည်း ပိုပိုများလာတယ် ဒီနေ့ ကျန်းမာရေးဝန်ထမ်းတွေက သူတို့ ဝန်ထမ်းဝတ်စုံနဲ့ အင်အားဖြည့်လာတယ် သစ်တောလည်း အင်အားများလာတယ်။ ပညာရေးလည်း အင်အားပိုများလာပါတယ်။ ဆက်လက်လုပ်ဆောင်ဖို့ လူထုဆန္ဒထုတ်ဖော်မှုတော့ တောက်လျှောက်ရှိမယ်” ဟု မင်းတပ်မြို့ဒေသခံတစ်ဦးကပြောသည်။

 

မင်းတပ်မြို့ လူထုဆန္ဒဖော်ထုတ်မှုကို နံနက်ပိုင်း ၁၀ နာရီက စတင်ခဲ့ကြပြီး မွန်းလွဲပိုင်း ၁ နာရီခန့်တွင် အဆုံးသတ်ခဲ့ကြသည်ဟု သိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...