စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးတွင် တောင်ကြီးဒေသခံများ ပိုမိုပူးပေါင်းပါဝင်လာ

စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးတွင် တောင်ကြီးဒေသခံများ ပိုမိုပူးပေါင်းပါဝင်လာ
by -
ယိင်းတိုင်း ၊ သျှမ်းသံတော်ဆင့်

ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့၏ စစ်အာဏာ သိမ်းမှု ဆန့်ကျင်ရေး လှုပ်ရှားမှု တွင် တောင်ကြီးဒေသခံများပိုမိုပူးပေါင်းပါဝင်လာကြောင်း သိရသည်။

အဆိုပါ မြို့တွင် စစ်အားဏာသိမ်းမှု ဆန့်ကျင်ရေးပြုလုပ်ရာ၌ ဆရာ /ဆရာမများ၊ ဆရာဝန်များ ၊ ကျန်းမာရေးဝန်ထမ်းများ ၊ ကျောင်းသားများ ၊ ရှေ့နေများ ၊ လူငယ်များ နှင့် ဒေသခံ တိုင်းရင်းသားများ တစ်နေ့ထက်တစ်နေ့ ပိုမိုပါဝင်လာသောကြောင့် ဆန္ဒပြသူ တစ်သိန်းကျော်ရှိလာကြောင်း သိရသည် ။

ထိုသို့ ဆန္ဒပြသူများပိုမိုပူးပေါင်းပါဝင်လာသဖြင့် တောင်ကြီးမြို့၏ သပိတ်စခန်းဆုံ မှတ်ဖြစ်သော တောင်ကြီး မြို့လယ် မြို့မစျေးရှေ့ ရှိ ဆိုင်ကယ်ရပ်နားရာနေရာအား ယနေ့(ဖေဖော်ဝါရီ ၉ရက်)တွင် ရဲတပ်ဖွဲ့များက ပိတ်ထားပြီး တောင်ကြီး မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၁၄၄ အမိန့်ထုတ်ပြန်ထားကြောင်း လော်စပီကာများဖြင့် ဆော်ဪနေသည်ကို တွေ့ရသည် ။  

တောင်ကြီးမြို့တွင် စစ်အာဏာ သိမ်းမှု ဆန့်ကျင်ရေး လှုပ်ရှားမှုအဖြစ် ဆန္ဒပြပွဲများကို ဖေဖော်ဝါရီ  ၇ ရက်က စတင်ခဲ့ခြင်းဖြစ်ပြီး ဆန္ဒပြပွဲတွင် ပါဝင်သူအများစုသည် အနက်ရောင်များ ဝတ်ဆင်ကာ စစ်အာဏာရှင်စနစ်ကျဆုံးရေးနှင့် ဒေါ်အောင်ဆန်းစု ကြည် အပါအဝင် ဖမ်းဆီးခံနိုင်ငံခေါင်းဆောင်များ ပြန်လွှတ်ပေးရေး ၊ ရွေးကောက်ပွဲ မဲရလာဒ်အား လက်ခံပေးရေး စသဖြင့် ကြွေးကြော်ခဲ့ကြသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...