ဆန္ဒပြပွဲတွင် မြစ်ကြီးနားမြို့ရှိ ကက်သလစ်အသင်းတော်မှ ရဟန်း၊သီလရှင်များပါဝင်လာ

ဆန္ဒပြပွဲတွင် မြစ်ကြီးနားမြို့ရှိ ကက်သလစ်အသင်းတော်မှ ရဟန်း၊သီလရှင်များပါဝင်လာ

အာဏာသိမ်းခြင်းအပေါ် ဆန့်ကျင်ဆန္ဒပြရာတွင် မြစ်ကြီးနားမြို့ပေါ်ရှိ ကက်သလစ်အသင်းတော်မှ ရဟန်း၊ သီလရှင်များပါဝင်လာကြောင်း သိရသည်။

 

အဆိုပါ အသင်းတော်မှ ရဟန်း၊ သီလရှင် အပါး ၅၀ ဝန်းကျင်က ယနေ့(ဖေဖော်ဝါရီ ၉ရက်)တွင် အောင်နန်း၊ စိန်ကိုလန်ဘန် ကသီဒြယ်ဘုရားကျောင်းရှေ့တွင် ငြိမ်းချမ်စွာ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။



 

ကက်သလစ်အသင်းတော်မှ ရဟန်း၊ သီလရှင်များအနေဖြင့် ဆန္ဒပြပွဲတွင် ပါဝင်လာရခြင်းမှာ ပြည်သူလူထုနှင့် တစ်စုအစည်းတည်းဖြစ်သည်ကိုပြသလိုသည့်အပြင် မြန်မာနိုင်ငံတွင် ငြိမ်းငြိမ်းချမ်းချမ်းနှင့် တရားမျှတစွာနေ ထိုင်လိုခြင်းကြောင့် ဖြစ်ကြောင်း Sister Sylvia က ပြောသည်။ 

 

“ပြည်သူလူထု နဲ့အတူတူ တစ်စုတစည်းတည်း ဖြစ်တယ်ဆိုတာကို ဖော်ပြချင်လို့ ဖြစ်တယ်။ မြန်မာပြည်မှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ တရားမျှတစွာနဲ့ နေချင်တယ်။ ပျော်ပျော်ရွှင်ရွှင်နဲ့ ပညာရေး၊ ကျန်းမာရေး အဆင်ပြေတဲ့ တိုင်းပြည်တစ်ခုမှာ မှီတင်းနေထိုင်ချင်တယ်”ဟု sister  က ဆိုသည်။ 

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...