မိုးညှင်းတွင် ဦးဆောင်ဆန္ဒပြသူများကို လိုက်လံဖမ်းဆီးနေဟုဆို

မိုးညှင်းတွင် ဦးဆောင်ဆန္ဒပြသူများကို လိုက်လံဖမ်းဆီးနေဟုဆို

ကချင်ပြည်နယ် မိုးညှင်းမြို့တွင် အာဏာရှင်အလိုမရှိကြောင်း ဦးဆောင်ဆန္ဒပြသူများကို လိုက်လံဖမ်းဆီးလျက်ရှိကြောင်း သိရသည်။

“ဟုတ်တယ်ဗျ။ အဲသတင်းအမှန်ပဲဗျ။ ကျွန်တော်တို့တော့ ခဏရှောင်နေတယ်။ ကျွန်တော်တို့ကို ခေါင်ဆောင်တွေထင်နေတာ။ တကယ်က ဒီဆန္ဒပြမှုက လူထုက ဦးဆောင်နေတာပါဗျ” ဟု ဆန္ဒပြပွဲတွင် ပါ၀င်ခဲ့သူတစ်ဦးကပြောသည်။

အဆိုပါမြို့တွင်ပြုလုပ်သည့် ဆန္ဒပြမှုများတွင် ဦးဆောင်သူများမရှိပဲ ဒီမိုကရေစီကိုလိုလားသည့် လူငယ်အဖွဲ့အစည်းအသီးသီးက ချိတ်ဆက်ကာ လူထုက ဦးဆောင်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။

တပ်မတော်အာဏာသိမ်းမှုနှင့်ပတ်သက်၍ မိုးညှင်းဒေသခံ ငါးသောင်းကျော်က ဆန္ဒထုတ်ဖော်မှုကို ဖေဖော်ဝါရီ ၈ ရက် မနက်ပိုင်းက စတင်ပြုလုပ်ခဲ့ပြီး စစ်အုပ်ချုပ်ရေးအလိုမရှိကြောင်းနှင့် စစ်အာဏာရှင်အလိုမရှိကြောင်း ကြွေးကြော်ခဲ့ကြောင်းနှင့် ဆန္ဒပြနေစဉ်အချိန်ကာလအတွင်းတွင် အတားအဆီးများမရှိသော်လည်း ယခုညနေပိုင်းရောက်မှသာ တိတ်တဆိတ် လိုက်လံဖမ်းဆီးနေခြင်းဖြစ်ပြီး ယင်းမိုးညှင်းမြို့တွင် ညမထွက်ရ အမိန့်ထုတ်ထားကြောင်းလည်း မြို့နေလူထုများကြားတွင် သတင်းများထွက်ပေါ်လျက်ရှိသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများရှိနေသည်ဟုဆိုကာ တပ်မတော်က ဖေဖော်ဝါရီ ၁ ရက်တွင် နိုင်ငံ့အာဏာကိုသိမ်းယူခဲ့ပြီးနောက် ရန်ကုန်၊ မန္တလေး၊ နေပြည်တော် စသည့်မြို့ကြီးများနှင့် တိုင်းရင်းသားဒေသများ၌ လူပေါင်းသောင်းချီပါဝင်သော ဆန္ဒပြပွဲများ ပေါ်ပေါက်လာလျက်ရှိသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...