တပ်မတော် အာဏာသိမ်းမှုဆန့်ကျင်သည့် ကလေးမြို့ လူထုဆန္ဒဖော်ထုတ်မှု ဒုတိယမြောက်နေ့

တပ်မတော် အာဏာသိမ်းမှုဆန့်ကျင်သည့် ကလေးမြို့ လူထုဆန္ဒဖော်ထုတ်မှု ဒုတိယမြောက်နေ့

တပ်မတော် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် ယနေ့ (ဖေဖော်ဝါရီ ၈ ရက်) နံနက် ၉ နာရီမှစ၍ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ပြည်သူလူထုက ဒုတိယမြောက်နေ့အဖြစ် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

 

ယနေ့ဆန္ဒဖော်ထုတ်မှုတွင် ကလေးမြို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးအေးမူ (ခ) ဒေါ်ရှားမီးကိုယ်တိုင်လည်း ပါဝင်ခဲ့ပြီး လူထုအင်အား တစ်သိန်းကျော်ခန့် ပူးပေါင်းပါဝင်ခဲ့ကြသည်။

 

ဆန္ဒဖော်ထုတ်သူများသည် ကလေးမြို့ ဗိုလ်ချူပ်လမ်းမအတိုင်းချီတက်ကာ စစ်အာဏာရှင်စနစ်ကျဆုံးရေး... ဒို့အရေး၊ ဒီမိုကရေစီရရှိရေး... ဒို့အရေး၊ ဖမ်းဆီးခံနိုင်ငံ့ခေါင်းဆောင်များ... ချက်ချင်းလွှတ် စသည့် ကြွေးကြော်သံများကို ဟစ်ကြွေးခဲ့ကြသည်။

 

လမ်းမပေါ် ချီတက်ဆန္ဒဖော်ထုတ်ကြသည့် လူထုကို ထောက်ခံအားပေးသည့်အနေဖြင့် ရပ်ကွက်နေပြည်သူများကလည်း လမ်းဘေးဝဲယာတွင်ရပ်စောင့်ကာ အာဏာရှင်စနစ်ကို ဆန့်ကျင်သည့် သင်္ကေတဖြစ်သော လက်သုံးချောင်းထောင်ခဲ့ကြသည့်အပြင် လက်ခုပ်တီးအားပေးခဲ့ကြသည်။ 

ယနေ့ကလေးမြို့တွင် ဘဏ်များအားလုံးပိတ်ထားကြောင်း သိရသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...