တပ်မတော် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် ယနေ့ (ဖေဖော်ဝါရီ ၈ ရက်) မွန်းလွဲ ၂ နာရီမှစ၍ ချင်းပြည်နယ် ဟားခါးမြို့ ပြည်သူလူထုက ဒုတိယမြောက်နေ့အဖြစ် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။
ယနေ့ဆန္ဒဖော်ထုတ်မှုတွင် လူထုအင်အား တစ်သောင်းဝန်းကျင်ခန့် ပါ၀င်ခဲ့ကြပြီး ဟားခါးမြို့ ဗိုလ်ချူပ်လမ်းမအတိုင်းချီတက်ကာ စစ်အာဏာရှင်စနစ်ကျဆုံးရေး... ဒို့အရေး၊ ဒီမိုကရေစီရရှိရေး... ဒို့အရေး၊ ဖမ်းဆီးခံနိုင်ငံ့ခေါင်းဆောင်များ... ချက်ချင်းလွှတ် စသည့် ကြွေးကြော်သံများကို ဟစ်ကြွေးခဲ့ကြသည်။
လမ်းမပေါ် ချီတက်ဆန္ဒဖော်ထုတ်ကြသည့် လူထုကို ထောက်ခံအားပေးသည့်အနေဖြင့် ရပ်ကွက်နေပြည်သူများကလည်း လမ်းဘေးဝဲယာတွင်ရပ်စောင့်ကာ အာဏာရှင်စနစ်ကို ဆန့်ကျင်သည့် သင်္ကတဖြစ်သော လက်သုံးချောင်းထောင်ခဲ့ကြသည့်အပြင် လက်ခုပ်တီးအားပေးခဲ့ကြသည်။
Published
Monday, February 08, 2021
တပ်မတော် အာဏာသိမ်းမှုဆန့်ကျင်သည့် ဟားခါးမြို့ လူထုဆန္ဒဖော်ထုတ်မှု ဒုတိယမြောက်နေ့