မာန်အောင်မြို့တွင် တပ်အာဏာသိမ်းမှုအပေါ် ဆန္ဒပြသူများ ခေါ်ယူသတိပေးခံရ

မာန်အောင်မြို့တွင် တပ်အာဏာသိမ်းမှုအပေါ် ဆန္ဒပြသူများ ခေါ်ယူသတိပေးခံရ
by -
ထွန်းခိုင် (နိရဥ္စရာ)

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့တွင် တပ်မတော်၏ အာဏာသိမ်းမှုနှင့်ပတ်သက်၍ ဆန့်ကျင်ဆန္ဒထုတ်ဖော်ထုတ်ခဲ့သူများကို မြို့နယ်ရဲတပ်ဖွဲ့က  ခေါ်ယူသတိပေးခဲ့သည်ဟု သိရသည်။

မာန်အောင်မြို့တွင် ဆန္ဒဖော်ထုတ်မှုကို လူပုဂ္ဂိုလ်ခြောက်ဦးက ဖေဖော်ဝါရီ ၆ ရက်၌ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ထဲမှ ဒေါ်မခင်ထိပ်ထားလှိုင်၊ ကိုဟန်းမင်းစိုးနှင့် မအေးမိမိခိုင်တို့ကို ရဲတပ်ဖွဲ့က ခေါ်ယူသတိပေးခဲ့ခြင်းဖြစ်သည်။

“ဆန္ဒထုတ်ဖော်တာက ဖေဖော်ဝါရီ ၆ ရက် နေ့လယ် ၁ နာရီလောက်မှာပါ။ မာန်အောင်မြို့အဝင် ဆိုင်းဘုတ်နားမှာပါ။ ၂ နာရီလောက်မှာ ရဲမေတွေက အိမ်ကိုလာပြီး ဝန်ခံချက် ကတိလက်မှတ်ထိုးခိုင်းပါတယ်။ မထိုးနိုင်ဘူးလို့ ပြောလိုက်တယ်။ နောက်ထပ် ၁၅ မိနစ်ကြာတော့ စခန်းကို လိုက်ဖို့ ပြန်လာခေါ်တယ်” ဟုပြောသည်။

အဆိုပါရဲစခန်း၌ ဝန်ခံချက်ကတိလက်မှတ်မထိုးခဲ့ကြောင်း၊ ရဲစခန်းမှ နောက်ထပ်ဆန္ဒမထုတ်ဖော်ရန် သတိပေးလိုက်ကြောင်း မခင်ထိပ်ထားလှိုင်က ဆက်ပြောသည်။

“ငြိမ်းစုစီပုဒ်မနဲ့ ခေါ်ယူစစ်ဆေးတာလို့ပြောတယ်။ ဝန်ခံချက်လက်မှတ် ထပ်ထိုးခိုင်းတယ်။ ကျွန်မတို့က လက်မှတ်ထိုးဖို့ငြင်းတော့ ဝန်ခံချက် ကတိလက်မှတ်ကတော့ မထိုးပေးခဲ့ကြပါဘူး။ နောက်မလုပ်ဖို့ သတိတော့ပေးလိုက်ပါတယ်” ဟု သူမကပြောသည်။

မခင်ထိပ်ထားလှိုင်က မာန်အောင်မြို့မရဲစခန်းတွင် မိနစ် ၃၀ ခန့် ခေါ်ယူမေးမြန်းခံခဲ့ရပြီး ၎င်းနေ့ ညနေ ၇ နာရီခန့်မှ နေအိမ်သို့ ပြန်ရောက်ကြောင်း သူမကပြောသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...