ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့တွင် စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြမှု ဖေဖော်ဝါရီ ၇ ရက် ညနေ ၃ နာရီဝန်းကျင်ခန့်က စတင်ပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါဆန္ဒပြပွဲကို တောင်ကြီးမြို့ခံများမှဦးဆောင်၍ လူအင်အားတစ်ထောင်ကျော်ပါဝင်ခဲ့ပြီး စစ်အာဏာရှင်စနစ်ကျဆုံးရေးနှင့် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးခံနိုင်ငံခေါင်းဆောင်များ ပြန်လွတ်ပေးရေး၊ ရွေးကောက်ပွဲမဲရလာဒ်အား လက်ခံနိုင်ရေး စသဖြင့် ကြွေးကြော်ခဲ့ကြသည်။
“စစ်အဏာရှင်စနစ်အလိုမရှိဘူး။ ဒါ ကျွန်တော်တို့ချည်း ကန့်ကွက်နေတဲ့ကိစ္စမဟုတ်ဘူး တစ်နိုင်ငံလုံးရော၊ ကမာ္ဘကရောကန့်ကွက်နေတာ။ စစ်တပ်က သူ့နေရာနဲ့သူနေရင် လူတွေ ဒီလိုတွေ လမ်းပေါ်တက်လာမှာ မဟုတ်ဘူး” ဟု ဆန္ဒပြပွဲတွင်ပါဝင်ခဲ့စသည့် အသက် ၃၀ ကျော် အမျိုးသားတစ်ဦးက ပြောသည်။
တောင်ကြီးမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်သည့်အနေဖြင့် ညစဉ် ၈ နာရီတွင် သံဗုံးတီးခြင်းများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။