အရပ်သားအစိုးရထံမှ အာဏာသိမ်းယူပြီးနောက် တပ်မတော်က အသစ်ဖွဲ့စည်းလိုက်သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့တွင် ပူးပေါင်းပါဝင်ရန် ကမ်းလှမ်းမှုကို အရှိုချင်းအမျိုးသားပါတီက လက်မခံဘဲ ငြင်းပယ်ခဲ့ကြောင်း အရှိုချင်းအမျိုးသားပါတီ၏ အထွေထွေအတွင်းရေးမှူး ဆလိုင်းအောင်မင်းလှိုင်က ပြောသည်။
“အရှိုချင်းအမျိုးသားပါတီကို အစိုးရနဲ့ပူးပေါင်းပြီး အစိုးရအဖွဲ့မှာပါဝင်ဖို့ နေရာတစ်ခုပေးဖို့ ကမ်းလှမ်းတာပေါ့၊ ဆန္ဒသဘောထားမေးတော့ ကျွန်တော်တို့အနေနဲ့ မလုပ်ချင်ဘူးလို့ ငြင်းပယ်တာပေါ့၊ ကျနော်တို့အနေနဲ့က နေရာ ရာထူးအတွက် အလုပ်လုပ်တာမဟုတ်ပါဘူး၊ ချင်းတိုင်းရင်းသားဘဲဖြစ်ဖြစ် တိုင်းရင်းသားလူမျိုးတွေ ရေရှည် အနာဂတ် ဖက်ဒရယ်ပြည်ထောင်စုမှာ ဥပဒေပြုအာဏာသုံးရပ်မှာ ကိုယ်စားပြုခွင့်ရဖို့ဘဲလုပ်တာပါ၊ နေရာရဖို့တို့ ဝန်ကြီးရဖို့တို့ လုပ်တာမဟုတ်ပါဘူး၊ ဒါကြောင့် ကျနော်တို့မစဉ်းစားတာပါ” ဟု ဆလိုင်းအောင်မင်းလှိုင်ကပြောသည်။
တပ်မတော်မှဖွဲ့စည်းလိုက်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွင် ပူးပေါင်းပါဝင်ရန် တိုင်းရင်းသားပါတီများနှင့် အခြားနိုင်ငံရေးပါတီများကို ကမ်းလှမ်းမှုများရှိနေပြီး ပါတီအချို့နှင့် ပါတီခေါင်းဆောင်အချို့မှာ ရာထူးလက်ခံမှုများရှိနေသဖြင့် ဝေဖန်ခံနေရကြောင်း သိရသည်။
Published
Sunday, February 07, 2021
တပ်မတော်အစိုးရအဖွဲ့မှာ ပါဝင်ရန်ကမ်းလှမ်းမှု အရှိုချင်းအမျိူးသားပါတီ ငြင်းပယ်