တပ်မတော်က ရွေးကောက်ပွဲပြန်လည်ပြုလုပ်လျှင် KSPP ၀င်ရောက်ယှဉ်ပြိုင်မည်

တပ်မတော်က ရွေးကောက်ပွဲပြန်လည်ပြုလုပ်လျှင် KSPP ၀င်ရောက်ယှဉ်ပြိုင်မည်

တပ်မတော်က ရွေးကောက်ပွဲပြန်လည်ပြုလုပ်ပေးလျှင် ကချင်ပြည်နယ်ပြ်သူ့ပါတီ (KSPP) အနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း အဆိုပါတီဥက္ကဌ ဒေါက်တာတူးဂျာကပြောသည်။ 

 

စစ်အစိုးရ၏ အဓိကဦးတည်ချက်မှာ ဒေသအတွင်းတည်ငြိမ်ကာ တစ်ဦးနှင့်တစ်ဦး တင်းမာမှုများလျော့ကျပြီး ပြဿနာများပြေလည်အောင်ပြုလုပ်ပြီးနောက် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ထပ်မံကျင်းပရန် ပြောကြားထားကြောင်း၊ ထိုသို့ပြုလုပ်ပါက ၎င်းတို့ပါတီအနေဖြင့် တရားဝင်ပါတီဖြစ်သည့်အတွက် ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ဒေါက်တာတူးဂျာကပြောသည်။ 

 

“အဲဒီမှာ မပါဝင်ဘူးဆိုလို့ရှိရင် ပါတီဖျက်သိမ်းရမှာပဲ။ ရွေးကောက်ပွဲမှာ သုံးနေရာကတောင် ဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိဘူးဆိုရင် တရားမဝင်ပါတီဖြစ်သွားမယ်။ ကျွန်တော်တို့ပါတီက တရားဝင်ပါတီအနေနဲ့ ဆက်ရှိနေဦးမှာပဲ။ ပြည်သူအများလက်ခံနိုင်တဲ့ ရွေးကောက်ပွဲလုပ်မယ်ဆိုရင် ကျွန်တော်တို့ပါတီအနေနဲ့ ပါဝင်ယဉ်ပြိုင်သွားမယ်” ဟု ဒေါက်တာတူးဂျာက ဆိုသည်။ 

 

အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ ရက်က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးက KSPP ပါတီအပြင် ကချင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားပါတီများနှင့်တွေ့ဆုံကာ အာဏာသိမ်းရခြင်းအကြောင်းအရင်းများကို ရှင်းပြသွားခဲ့ကြောင်းလည်း သိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...