ဟားခါးပြည်သူ့ဆေးရုံမှ ဆရာဝန်အားလုံးနီးပါး Civil Disobedience Campaign ပြုလုပ်

ဟားခါးပြည်သူ့ဆေးရုံမှ ဆရာဝန်အားလုံးနီးပါး Civil Disobedience Campaign ပြုလုပ်

ချင်းပြည်နယ်၊ ဟားခါးမြို့၊ ပြည်သူ့ဆေးရုံမှ အထူးကုဆရာဝန်များအပါအဝင် ဆရာဝန်အားလုံးနီးပါးက တပ်မတော်အစိုးရလက်အောက်တွင် အလုပ်တာဝန်များ ဆက်လက်လုပ်ကိုင်ခြင်းမပြုလိုဘဲ မိမိတို့၏ဆန္ဒကို ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်သည့် အနေဖြင့် CIVIL DISOBEDIENCE CAMPAIGN (CDC) ကို ဖေဖော်ဝါရီ ၃ရက်က စတင်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။



 

အဆိုပါ CIVIL DISOBEDIENCE CAMPAIGN တွင် ဦးဆောင်ပြီးပါဝင်ခဲ့သူ ဟားခါးမြို့၊ ပြည်သူ့ဆေးရုံမှ လက်ထောက်ဆရာဝန် ဒေါက်တာ ငွန်ကျုံးလျန်က “ကျွန်တော်တို့သည် စစ်အစိုးရနဲ့ လုံးဝ သဘောမတိုက်ဆိုင်ဘူး။ ကျွန်တော်တို့ရွေးချယ်တဲ့ပါတီ။ ပြည်သူတွေ ရွေးချယ်တဲ့ပါတီနဲ့ လုံးဝမဟုတ်တဲ့အတွက်ကြောင့် ကျွန်တော်တိုင်ရွေးချယ်တဲ့ ပါတီလက်အောက်မှာပဲ အလုပ်လုပ်မယ်ဆိုတဲ့ရည်ရွယ်ချက် လုပ်ဖြစ်တဲ့သဘောဖြစ်ပါတယ်။ လက်ထောက်ဆရာဝန်၊ အထူးကုဆရာဝန်တွေ အကုန်လုံးနီးပါးပါတယ်။ ကျွန်တော်တို့စုပြီးမှ စာထုတ်တဲ့အချိန်မှာ မပါနိုင်တာ လေးငါးယောက်လောက်ပဲရှိမယ်။ ဒါပေမယ့် ကျွန်တော်တို့ ဆရာဝန်တွေအကုန်လုံးပါတယ်” ဟုပြောသည်။

 

CIVIL DISOBEDIENCE CAMPAIGN သည် စစ်အာဏာရှင်စနစ် အပြီးတိုင်အဆုံးသတ်ကာ ပြည်သူ့ဆန္ဒအရ တင်မြောက်သည့်အစိုးရ ပြန်လည်စတင်သည်အထိ မိမိတို့ဆန္ဒကို ငြိမ်းချမ်းစွာဖော်ထုတ်သွားမည်ဖြစ်ပြီး မည်သည့်အချိန်ထိ ပြုလုပ်သွားမည်ကို မသိရှိနိုင်သေးကြောင်း ၎င်းကပြောသည်။



 

ဟားခါးမြို့၊ ပြည်သူ့ဆေးရုံရှိ ဆရာဝန်များတာဝန်မှ CIVIL DISOBEDIENCE CAMPAIGN ပြုလုပ်သော်လည်း အရေးပေါ်လူနာများကို ကုသပေးမည်ဖြစ်ပြီး အခြားလူနာများကိုမှု ဆေးကုသမှုနှင့် ကျန်းမာရေးအခြေအနေ ကြည့်ရှုပေးမည်မဟုတ်ကြောင်း ဟားခါးမြို့၊ ပြည်သူ့ဆေးရုံမှ လက်ထောက်ဆရာဝန် ဒေါက်တာငွန်ကျုံးလျန်က ပြောသည်။

 

“ကျွန်တော်တို့ ဆေးရုံမှ မလာနိုင်တဲ့လူနာတွေကျတော့ အရေးပေါ်အခြေအနေဆိုရင်တော့ ကျွန်တော်တို့ ကြည့်ပေးဖို့ စဉ်းစားထားပါတယ်။ ဒါပေမယ့် ပြင်ပလူနာ၊ ရက်ချိန်းလူနာများကို မကြည့်ပေးပါဘူး။ ဖြစ်နိုင်တယ်ဆိုရင်တော့ လူနာတွေလာမယ်ဆိုရင်တော့ စစ်ဆေးရုံဘက်တွေကို လွှဲပေးဖို့လည်း တိုင်ပင်ထားကြတယ်။ စစ်တပ်က လုပ်နိုင်တယ်ဆိုရင်လုပ်ပေါ့။ အဓိက တာဝန်ယူချင်တယ်ဆိုတော့ အကုန်လုံးတာဝန်ယူရမဲ့အပိုင်းတွေရှိပါတယ်” ဟု ဒေါက်တာငွန်ကျုံးလျန်က ပြောသည်။

 

CIVIL DISOBEDIENCE CAMPAIGN သည် ချင်းပြည်နယ်တွင် ဟားခါးမြို့ ပြည်သူ့ဆေးရုံ၊ ဖလမ်းမြို့ ပြည်သူ့ဆေးရုံ၊ မင်းတပ်မြို့ ပြည်သူ့ဆေးရုံနှင့် တီးတိန်မြို့ ပြည်သူ့ဆေးရုံတို့တွင်လည်း ပြုလုပလျက်ရှိကြောင်း သိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...