အာဏာသိမ်းရခြင်းနှင့်ပတ်သက်၍ တပ်မတော်က ကချင်ဘာသာရေးအဖွဲ့အားတွေ့ဆုံရှင်းလင်း

အာဏာသိမ်းရခြင်းနှင့်ပတ်သက်၍ တပ်မတော်က ကချင်ဘာသာရေးအဖွဲ့အားတွေ့ဆုံရှင်းလင်း
by -
ခေါင်ညွယ်/ KNG

အာဏာသိမ်းရခြင်းနှင့်ပတ်သက်၍ တပ်မတော်က ကချင်ဘာသာရေးအဖွဲ့အားတွေ့ဆုံရှင်းလင်းခဲ့ကြောင်း သိရသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ တပ်မတော်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က မြစ်ကြီးနားခရစ်ယာန်အသင်းတော်များ ကောင်စီ MCCကို ယနေ့(ဖေဖော်ဝါရီ ၂ ရက်)တွင် တွေ့ဆုံရှင်းလင်းခဲ့ခြင်းဖြစ်ပြီး မြစ်ကြီးနား မြို့ရှိအောင်နန်းကတ်သလစ်ဘု ရားကျောင်းတွင် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

“မနေ့က သူတို့ လုပ်ဆောင်တာနဲ့ ပတ်သက်ပြီး အသင်းတော် ခေါင်းဆောင်တွေကို ပြန်ရှင်းပြတဲ့သ ဘောဖြစ်တယ်။ သမ္မတရုံးက ထုတ်ပြန်တဲ့အတိုင်း မဲနဲ့ပတ်သက်တဲ့ဟာ မလုပ်ပေးလို့ နောက်ဆုံးတော့ ဒီလိုလုပ်လိုက်ရတယ်ပြီး အသင်းသားတွေကို ရှင်းပြပေးဖို ဆရာတို့ကို လာရှင်းပြတာဖြစ်တယ်” ဟု MCC မြစ်ကြီးနားခရစ်ယာန်အသင်းတော်များကောင်စီမှ ဥက္ကဋ္ဌ သိက္ခာတော်ရဆရာ မဂျီဘောက်လာက ပြောသည်။

တပ်မတော်က အရေးပေါ်အခြေအနေအရ နိုင်ငံ့အာဏာကို တစ်နှစ်ရယူမည်ဟုကြေညာသော်လည်း တတ်နိုင်သမျှ အာဏာပြန်လည်လွှဲပြောင်းပေးခြင်းကို အမြန်ပြုလုပ်ပေးရန် တောင်းဆိုမှုများလည်းရှိခဲ့ကြောင်း သိရသည်။

ရွေးကောက်ပွဲ မဲစာရင်းမသမာမှုများဖြစ်နိုင်သည်ဟူသော စွပ်စွဲချက်နှင့်အတူ အစိုးရကို တောင်းဆိုထားသည့် အချက်များ လိုက်လျောခဲ့ခြင်းမရှိခြင်းကြောင့်ဟုဆိုကာ တပ်မတော်က ဖေဖော်ဝါရီ ၁ ရက်တွင် နိုင်ငံတော်၏ အာဏာကို သိမ်းယူခဲ့ခြင်းဖြစ်သည်။

တစ်ဆက်တည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ထိပ်သီးခေါင်းဆောင်အဆင့်မှ မြို့နယ်အဆင့် ခေါင်းဆောင်များအထိ အပြင် အစိုးရဝန်ကြီးချုပ်နှင့် ဝန်ကြီးများအားလုံးကို တပ်မတော်က ထိန်းသိမ်းခဲ့သော်လည်းယနေ့(ဖေဖော်ဝါရီ ၂ရက်)နေ့လည်ပိုင်းတွင် အများစုပြန်လည်လွတ်မြောက်လာပြီဖြစ် သည်။

တပ်မတော်၏ နိုင်ငံတော်အာဏာသိမ်းယူမှုနှင့် ပတ်သက်ပြီး ကချင်ပြည်နယ်ရှိ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဘက်က ၎င်းတို့၏ သဘောထား ထုတ်ပြန်ခြင်းမရကြောင်း အံ့သြဖွယ် တွေ့ရသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...