ချင်းဝန်ကြီးများအားလုံး အဆောင်ယောင်များအားလုံးထားခဲ့ပြီး ဝန်ကြီးအိမ်ရာမှထွက်ခွာရန် အမိန့်ထုတ်

ချင်းဝန်ကြီးများအားလုံး အဆောင်ယောင်များအားလုံးထားခဲ့ပြီး ဝန်ကြီးအိမ်ရာမှထွက်ခွာရန် အမိန့်ထုတ်

တပ်မတော်က နိုင့်ငံ့အာဏာကို ဖေဖော်ဝါရီ ၁ ရက်က သိမ်းယူပြီးနောက် ဖမ်းဆီးထိန်းသိမ်းခံနေရသော ချင်းပြည်နယ်ဝန်ကြီးချူပ်အပါအဝင် ဝန်ကြီးများအားလုံးနှင့် လွှတ်တော်ဥက္ကဌတို့အားလုံး အဆောင်အယောင်များအားလုံးထားခဲ့၍ ဖေဖော်ဝါရီ ၄ ရက်တွင် ဝန်ကြီးအိမ်ရာမှထွက်ခွာရန်  အမိန့်ထုတ်လိုက်ကြောင်းသိရသည်။

 

ချင်းပြည်နယ်ဝန်ကြီးချူပ် ဆလိုင်းလျန်လွယ်၊ လွှတ်တော်ဥက္ကဌ ဦးဇိုဘွေ့တို့အပါအဝင် ချင်းပြည်နယ်ဝန်ကြီးများအားလုံးကို ဖေဖော်ဝါရီ ၁ ရက်က တပ်မတော်က ပြည်ထောင်စုရိပ်သာတွင် ခေတ္တဖမ်းဆီးထိန်းသိမ်းခဲ့သည်ဟု ချင်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးရွှေထီးအိုကပြောသည်။

“ကျွန်တော်သိသလောက်က ဦးဝီကောရယ် ဦးမာန်ဟင်ဒါလ်ရယ် ဦးပေါင်လွန်မင်းထန် ကျနော်ရယ် ရိပ်သာကိုခေါ်သွားပြီးတော့ ဘာမှစစ်မေးတာတွေမရှိဘူး။ ထမင်းလည်း ကောင်းကောင်းကျွေးတယ်။ ဘာမှလည်းမလုပ်ဘူး၊ ခုတော့ အိမ်ပြန်ရောက်ကြပြီ။ ကျန်တဲ့သူတွေတော့ ဖုန်းလည်းဆက်မရဘူးဆိုတော့ ဘာမှမသိဘူး၊ ၄ ရက်နေ့မှာ အဆောင်ယောင်တွေ အကုန်ပြန်အပ်ရမယ်ပြောတယ်။ တစ်ခြားတော့ဘာမှမရှိဘူး၊ ကောင်းကောင်းဆက်ဆံတယ်” ချင်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးရွှေထီးအိုကပြောသည်။

 

ယခုလက်ရှိတွင် ၎င်းတို့ကို ဝန်ကြီးအိမ်ယာနေအိမ်အတွင်း အကျယ်ချူပ်သဘောဖြင့်ထားရှိကာ အဝင်/အထွက်ဂိတ်ကို စစ်သားတွေက စောင့်ကြပ်ထားသည်ဟု သိရသည်။

 

ချင်းပြည်နယ် ဝန်ကြီးချူပ်၊ လွှတ်တော်ဥက္ကဌ နှင့် စည်ပင်ဝန်ကြီး ဦးစိုးထက်တို့ကိုမူ ဟားခါးမြို့ ရုန်းတောင်တပ်စခန်းတွင် တစ်ညဖမ်းဆီးထိန်းသိမ်းကာ ယနေ့နံနက်ပိုင်း ၁၁ နာရီဝန်းကျင်ခန့်က ဝန်ကြီးအိမ်ယာနေအိမ်သို့ အသီးသီးပြန်ရောက်ရှိကြောင်း သိရသည်။

ဖေဖော်ဝါရီ ၁ ရက် မနက်ပိုင်းက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သမ္မတရုံးမှ အမိန့်ကြေညာစာအမှတ် ၁/၂၀၂၁ ဖြင့် နိုင်ငံတော်အား အရေးပေါ်အခြေအနေကြေညာခဲ့ပြီး နိုင်ငံတော်၏ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး တရားစီရင်ရေးလုပ်ငန်းများကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ အာဏာလွှဲပြောင်းလိုက်ကြောင်း ကြေညာခဲ့သည်။

တပ်မတော်က အာဏာလွှဲပြောင်းမရယူခင် မနက်အစောပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များ၊ တိုင်းနှင့်ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ NLD ပါတီ ဗဟိုကော်မတီများနှင့် နိုင်ငံရေးသမားအချို့ကို ဖမ်းဆီးခဲ့ပြီး အချို့မှာ နေအိမ်သို့ ပြန်လည်ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...