တတိယအကြိမ် ချင်းပြည်နယ်လွှတ်တော်အစည်းအဝေး ဖေဖော်ဝါရီ ၉ ရက်နေ့စမည်

တတိယအကြိမ် ချင်းပြည်နယ်လွှတ်တော်အစည်းအဝေး ဖေဖော်ဝါရီ ၉ ရက်နေ့စမည်

တတိယအကြိမ်မြောက် ချင်းပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးကို လာမည့် ဖေဖော်ဝါရီ ၉ ရက်တွင်  စတင်ကျင်းပပြုလုပ်သွားမည်ဟု သိရသည်။

အဆိုပါ လွှတ်တော်ပထမပုံမှန်အစည်းတွင် ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက ကျမ်းသစ္စာကျိန်ဆိုခြင်း၊ ချင်းပြည်နယ်လွှတ်တော် ဥက္ကဌနှင့် ဒုတိယဥက္ကဌတို့ အသစ်ရွေးချယ်ပြီး လွဲပြောင်းမည့်အစီအစဉ်များ ပါဝင်သွားမည်ဟု လက်ရှိ ချင်းပြည်နယ်လွှတ်တော်ဥက္ကဌ ဦးဇိုဘွဲ့ကပြောသည်။  

“ဖေဖော်ဝါ ၉ ရက်လုပ်မှာ အစီအစဉ်ကတော့ အသစ်ရွေးချယ်တာပါမှာပေါ့ အစီအစဉ်ကျန်တာကတော့ ဘာမှမရှိသေးဘူး သူတို့ ဗဟိုကနေအသိပေးလာမှာနော် အစီအစဉ်အသေးစိတ်ကိုတော့ မဆွဲသေးဘူး” ဟု ချင်းပြည်နယ်လွှတ်တော်ဥက္ကဌက ပြောသည်။

တတိယအကြိမ် ချင်းပြည်နယ်လွှတ်တော်တွင် ရွေးကောက်ခံကိုယ်စားလှယ် ၁၈ ဦးနှင့် တပ်မတော်ကိုယ်စားလှယ် ခြောက်ဦး (၂၅%) စုစုပေါင်း ၂၄ ဦးရှိမည်ဖြစ်ပြီး ရွေးကောက်ခံကိုယ်စားလှယ်များအနက် NLD ကိုယ်စားလှယ် ၁၆ ဦး၊ ချင်းအမျိူးသားဒီမိုကရေစီအဖွဲ့ချူပ် CNLD ကိုယ်စားလှယ် တစ်ဦးနှင့် ဇိုမီးဒီမိုကရေစီအဖွဲ့ချူပ် ZCD ကိုယ်စားလှယ် တစ်ဦးစီ ပါဝင်မည်ဖြစ်သည်။

ပြီးခဲ့သည့် ဒုတိယအကြိမ် ချင်းပြည်နယ်လွှတ်တော် ငါးနှစ်တာသက်တမ်းသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှ ချင့်ချိန်ပြီးသွားရသည့်အတွက် အားရကျေနပ်မှုသိပ်မရှိကြောင်း ချင်းပြည်နယ်လွှတ်တော်ဥက္ကဌ ဦးဇိုဘွဲ့ကပြောသည်။

“အတိုင်းအတာတစ်ခုထိ အားရမှုတော့ရှိပါတယ်။ အားလုံးတော့ ဘယ်အားရနိုင်မလဲ။ ၂၀၀၈ အခြေခံဥပဒေနဲ့သွားတယ်ဆိုတော့ အဲဒီဥပဒေဘောင်ကနေ ချင့်ချိန်ပြီးသွားတယ်ဆိုတော့ အလုံးအရင်းကတော့ အားရကျေနပ်မှုတော့မရှိဘူး” ဟု ဦးဇိုဘွဲ့ကပြောသည်။

ဒုတိယအကြိမ် ချင်းပြည်နယ်လွှတ်တော်သက်တမ်းတွင် ဒေသန္တသရနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ အသေးစားချေးငွေဥပဒေအပါအဝင် စုစုပေါင်းဥပဒေ ငါးမျိုး ပြင်ဆင်ပြဌာန်းနိုင်ခဲ့ကြသည်ဟု သိရသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...