ကချင်ပြည်နယ် မိုးညှင်းမြို့နယ်တွင် ၂၀၁၅ ခုနှစ် အထွေထွေးရွေးကောက်ပွဲဆိုင်ရာ စာရွက်စာတမ်းများ မီးရှို့ဖျက်ဆီးမှုကို ပါတီတစ်ခုသာတက်ရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
မိုးညှင်းမြို့နယ်တွင် ၂၀၁၅ ခုနှစ် အထွေထွေးရွေးကောက်ပွဲဆိုင်ရာ စာရွက်စာတမ်းများ မီးရှို့ဖျက်ဆီးခြင်းကို ဇန်နဝါရီ ၁၁ ရက်က ပြုလုပ်ခြင်းဖြစ်ပြီး ပါတီများလာရောက်ကြည့်ရှုစစ်ဆေးရန် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အနေဖြင့် ပါတီအကုန်လုံးကို ဖိတ်ကြားခဲ့သော်လည်း NLD ပါတီမှ လွဲ၍ ကျန်ပါတီများ တက်ရောက်ခဲ့ခြင်းမရှိကြောင်း သိရသည်။
၂၀၁၅ ခုနှစ် အထွေထွေးရွေးကောက်ပွဲဆိုင်ရာ စာရွက်စာတမ်းများ မီးရှို့ဖျက်ဆီးဖို့အတွက် ရုံးမှာ အစည်းအဝေးထိုင်တယ်။ ဒါသည် ပွင့်လင်းမြင်သာစွာလုပ်ရမယ့် ကိစ္စဖြစ်သည့်အတွက် နိုင်ငံရေးပါတီတွေကို လာရောက်ပြီး ကြည့်နိုင်ကြောင်းကြားထားပေးပါတယ်. ဒါပေမဲ့ အစည်းအဝေးလုပ်တာ ညနေပိုင်းလောက်ဖြစ်သွားတဲ့အတွက် နိုင်ငံရေးပါတီတွေကို ဖုန်းနဲ့ဆက်ပြီး အကြောင်းကြားခဲ့တာဖြစ်ပါတယ်” ဟု မိုးညှင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဦးစီးအရာရှ ဒေါ်ခင်မေစိုးက ပြောသည်။
အဆိုပါမြို့နယ်တွင် ၂၀၁၅ တုန်းက မဲရုံ ၉၈ ရုံဖွင့်လှစ်ခဲ့ပြီး ထိုမဲရုံများက ထွက်လာသည့်မှတ်တမ်းအိတ်များ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
“ဒါက ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ အသုံးပြုခဲ့တဲ့ စာရွက်စာတမ်းတွေပေါ့နော်။ ဒီစာရွက်စာတမ်းတွေကို ဖျက်ဆီးရေးဘုတ်အဖွဲ့ဖွဲ့စည်းပြီးမှ စနစ်တကျဖျက်ဆီးပါဆိုတဲ့စာပေါ့နော် ညွှန်ကြားလာတဲ့အတွက် မီးရှို့ဖျက်ဆီးတာဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။
၂၀၁၅ ရွေးကောက်ပွဲတွင် မြိုးညှင်းမြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီ၊ ရှမ်းတိုင်ရင်းသားများဒီမိုကရက်တစ်ပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ အမျိုးသားဒီမိုကရေစီအင်အားစုနှင့် တိုင်းလိုင် (ရှမ်းနီ) အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ရှမ်းနီ (တိုင်းလိုင်) နှင့် မြောက်ပိုင်းရှမ်းမျိုးနွယ်စုများ သွေးစည်းညီညွတ်ရေးပါတီ၊ ကချင်အမျိုးသားဒီမိုကရက်တစ်ပါတီ၊ ကချင်ပြည်နယ်ဒီမိုကရေစီပါတီတို့ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး နေရာအာလုံးနီးပါးကို အမျိုးသားဒီမိုကရေစီပါတီက အနိုင်ရရှိခဲ့သည်။