ရွေးကောက်ပွဲအလွန် ရှမ်းပြည်မြောက်ပိုင်းတွင် စစ်ရေးတင်းမာမှုများကြောင့် ဒေသခံများနေရပ်စွန့်ခွာရမှု မြင့်တက်

ရွေးကောက်ပွဲအလွန် ရှမ်းပြည်မြောက်ပိုင်းတွင် စစ်ရေးတင်းမာမှုများကြောင့် ဒေသခံများနေရပ်စွန့်ခွာရမှု မြင့်တက်
by -
ယိင်းတိုင်း (သျှမ်းသံတော်ဆင့်)

ရွေးကောက်ပွဲအလွန် ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS/SSA) နှင့် တအာင်းလက်နက်ကိုင်အဖွဲ့ TNLA အကြား စစ်ရေးတင်းမာမှုများကြောင့် ဒေသခံများနေရပ်စွန့်ခွာရမှု မြင့်တက်လာကြောင်း သိရသည်။

 

ကျောက်မဲမြို့နယ် ကော်ပေါင်ကျေးရွာအနီးသို့ ဇန်နဝါရီ ၁၁ ရက်တွင် RCSS/SSA တို့ရောက်ရှိလာသဖြင့် တိုက်ပွဲဖြစ်ပွားမည်ကိုစိုးရိမ်၍ ဒေသခံများ နေရပ်စွန့်ခွာကာ ကျောက်မဲမြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်နေကြရပြီး ရွေးကောက်ပွဲအလွန် ၂၀၂၀ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်မှစ၍ SSA နှင့် TNLA တို့ နှစ်ပတ်ကျော်ကြာဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ဒေသခံ ၃၀၀၀ ကျော် စစ်ဘေးရှောင်နေရကြောင်း သိရသည်။

 

“RCSS တွေ ရွာအနီးရောက်နေလို့ တိုက်ပွဲဖြစ်ပွားမှာကိုစိုးရိမ်လို့ ထွက်ပြေးလာခဲ့တယ်” ဟု ၎င်းကပြောသည်။

RCSS/SSA သည် ကော်ပေါင်ကျေးရွာအနီးရှိ TNLA ထိန်းချုပ်နယ်မြေထဲသို့ ဝင်ရောက်လာခြင်းဖြစ်ပြီး နှစ်ဖက်အလွန်နီးကပ်နေကာ အချိန်မရွေး တိုက်ပွဲဖြစ်နိုင်သော အခြေအနေဖြစ်သဖြင့် နေရပ်စွန့်ခွာထွက်ပြေးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။

အဆိုနေရပ်စွန့်ခွာသူများအနေဖြင့် ကျောက်မဲမြို့ပေါ်သို့ ထွက်ပြေးလာခြင်းဖြစ်ပြီး လက်ရှိတွင် ထွက်ပြေးလာ သည့် ဦးရေအတိအကျသိနိုင်ရန် စာရင်းကောက်ယူလျက်ရှိကြောင်း ကျောက်မဲမြို့မှ စစ်ရှောင်များကို ကူညီပေးနေသူများက ပြောသည်။

“တပ်တွေလည်း ရောက်နေတယ်လို့ကြားတယ်။ တိုက်ပွဲထပ်ဖြစ်ရင် ခက်မယ်။ ထွက်ပြးလာတဲ့သူတွေ ထပ်တိုးလာမယ်။ စားနပ်ရိက္ခာ ခက်ခဲလာမယ်” ဟု ကျောက်မဲဒေသခံ စစ်ဘေးရှောင်ကူညီနေသည့် တစ်ဦးက ပြောသည်။

တိုက်ပွဲဖြစ်ပွားနိုင်သည့် အခြေအနေနှင့်ပတ်သက်၍ RCSS/SSA ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးခမ်းစံကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း ယနေ့ မြေပြင်အခြေနေကို မသိရှိရသဖြင့် ပြောနိုင်ခြင်းမရှိကြောင်း ပြန်လည် ဖြေကြားခဲ့သည်။

RCSS/SSA အနေဖြင့် ပြီးခဲ့သည့် ရက်ပိုင်းကဖြစ်ပွားခဲ့သော တိုက်ပွဲများတွင် ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်းရှိ TNLA လှုပ်ရှားသည့်နယ်မြေတချို့ကို ဝင်ရောက်ထိန်းချုပ်နိုင်ခဲ့ပြီး ယခုအခါ TNLA အခြေစိုက်တပ်နှင့် အလွန်နီးကပ်နေပြီဖြစ်ကြောင်း သိရသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...