ရွေးကောက်ပွဲနောက်ပိုင်းနှစ်လအကြာအထိ တိုက်ပွဲဖြစ်ပွားမှုမရှိသဖြင့် ပလက်ဝရှိစစ်ဘေးရှောင်များ နေရပ်ပြန်ရန်စီစဉ်

ရွေးကောက်ပွဲနောက်ပိုင်းနှစ်လအကြာအထိ တိုက်ပွဲဖြစ်ပွားမှုမရှိသဖြင့် ပလက်ဝရှိစစ်ဘေးရှောင်များ နေရပ်ပြန်ရန်စီစဉ်
by -
မင်းထွန်း (DMG)

တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) တို့ ရွေးကောက်ပွဲနောက်ပိုင်းကာလများအထိ တိုက်ပွဲဖြစ်ပွားခြင်းမရှိသဖြင့် ပလက်ဝရှိ စစ်ဘေးရှောင်များ နေရပ်ပြန်ရန်စီစဉ်လျက်ရှိကြောင်း ချင်းပြည်နယ် အစိုးရအဖွဲ့မှ စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်က ပြောသည်။

 

ယင်းသို့ ချင်းပြည်နယ် ပလက်ဝမှ စစ်ဘေးရှောင်များနေရပ်ပြန်ရန်စီစဉ်နေသော်လည်း မူလနေရာတွင် စားဝတ်နေရေးအခက်အခဲ များရှိသဖြင့် စစ်ဘေးရှောင်တစ်ဝက်ခန့်သာ နေရပ်ပြန်နိုင်မည်ဟု ဆိုသည်။

 

“အားလုံးကလည်း ပြန်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ။ ပြန်သွားတဲ့သူတွေက စားဝတ်နေရေး အဆင်မပြေဘူးဖြစ်မှာ။ သူတို့က တောင်ယာအလုပ်အကိုင်တွေ မလုပ်တာက တစ်နှစ်ကျော်ရှိနေပြီဆိုတော့ အားလုံးက စားဝတ်နေရေး အခက်အခဲဖြစ်နိုင်တယ်” ဟု ၎င်းက ပြောသည်။

 

ယခုအခါ ပလက်ဝမြို့နယ်ရှိ စစ်ဘေးရှောင်များ နေရပ်ပြန်ရေး ပြည်ထောင်စုအစိုးရအဖွဲ့ကို တင်ပြထားပြီး ပြည် ထောင်စု အစိုးရအဖွဲ့ကခွင့်ပြုပါက ၎င်းတို့အနေရပ်ပြန်ရန်လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း ချင်းပြည်နယ် အစိုးရ အဖွဲ့မှ သိရသည်။

 

“နေရပ်ပြန်ချင်တဲ့ သူတွေအတွက်လည်း ပြည်ထောင်စုကို တင်ပြထားတယ်။ ပြည်ထောင်စုက ခွင့်ပြုရင်တော့ သူတို့ဒေသကို ပြန်ချင်တဲ့သူတွေ တချို့ပြန်လို့ရအောင်ပေါ့နော်။ အဲဒီအတွက်ကြောင့် ပြန်သွားတဲ့ သူတွေလည်း စားဝတ်နေရေးအဆင်ပြေစေဖို့အတွက် နိုင်ငံတော်ကထောက်ပံ့မဲ့အစီအစဉ်တွေ ရအောင်ပေါ့နော်”ဟုဝန်ကြီး ဦးစိုး ထက်ကပြောသည်။

 

ထို့ပြင် အဆိုပါ စစ်ဘေးရှောင်များ နေရပ်ပြန်ရာတွင် စားဝတ်နေရေးအခက်အခဲ မဖြစ်စေရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးအဖွဲ့နှင့် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WPF) တို့ စီစဉ်လျက်ရှိပြီး ရန်ကုန်အခြေစိုက် ဒုက္ခသည်ကယ်ဆယ်ရေး (RICCI ) မှ အဝတ်အထည်များထောက်ပံ့မည်ဖြစ်ကြောင်း သိရ သည်။

 

ပလက်ဝမြို့နယ်တွင် တိုက်ပွဲများရပ်တန့်နေသော်လည်း ကျေးရွာအနီးအနားတွင် တပ်မတော်က တပ်စွဲနေထိုင် ခြင်းကြောင့် ယခုနေရပ်မည့်အစီအစဉ်တွင် လိုက်ပါမည်မဟုတ်ကြောင်း ရုပ်ဝကျေးရွာမှ ဒေါ်လှကျော့ယိုင်က ပြော သည်။

 

“ကျွန်မတို့ရွာက ပလက်ဝမြို့တဖက်ကမ်းမှာရှိတယ်။ ဒါပေမဲ့ ကျွန်မတို့က ပြန်လို့မရသေးဘူး။ ကျွန်မတို့ရွာထဲမှာ စစ်သားတွေက တပ်စွဲပြီးနေထိုင်နေလို့ပါ။ သူတို့ကို ကျွန်မတို့က အရမ်းကြောက်တယ်။ ဒါကြောင့်မို့လို့မပြန်သေး တာပါ ” ဟု ၎င်းက ပြောသည်။

 

ယခုအခါ စစ်ဘေးရှောင်များအနေဖြင့် နေထိုင်မှု ကြာမြင့်လာသည်နှင့်အမျှ ကျန်းမာရေး၊ စားဝတ်နေရေး၊ နေရာ ထိုင်ခင်းအခက်အခဲများရှိသည့်အပြင် ယခုဆောင်းရာသီ၌ အနွေးထည်များ လိုအပ်နေကြောင်း ဒေါ်လှကျော့ ယိုင်က ဆက်လက်ပြောသည်။

 

နေရပ်ပြန်ခြင်းနှင့်ပတ်သက်၍ ချင်းပြည်နယ်အစိုးရအဖွဲ့နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့က တာဝန်ယူမှု၊ တာဝန်ခံ မှုရှိမှသာ မိမိနေရပ်သို့ ပြန်သွားနိုင်မည်ဟု ဝိသုတ္တာရုံ ဘုန်းတော်ကြီးကျောင်းတွင် ခိုလှုံလျက်ရှိသည့် မီးလက် ဝကျေးရွာသား ဦးတင်ဦးက ပြောသည်။

 

“ကျွန်တော်တို့ကို တာဝန်ယူမယ့်သူ တစ်ယောက်မှမရှိတော့ ဘယ်လိုမျိုးနဲ့ပြန်သွားနိုင်မှာလဲ။ သက်ဆိုင်ရာ အစိုး ရအဖွဲ့တွေဆီကလည်း တစုံတရာမှ မကြားရဘူး။ ရခိုင်ပြည်ဖက်မှာဆိုရင် ပြန်ဖို့အတွက် အစိုးရက တာဝန်ယူ ဆောင်ရွက် ပေးနေတယ်လို့သိရတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဖက်မှာတော့ တခုမှမကြားရသေးဘူး” ဟု ၎င်းက ပြောသည်။

 

ပလက်ဝမြို့နယ်တွင် ကုန်းလမ်း၊ ရေလမ်းများကို ပိတ်ဆို့ထားသည့်အတွက် ကုန်ဈေးနှုန်းများမြင့်တက်နေပြီး

စစ်ဘေးရှောင်များနှင့် ဒေသခံများမှာ ကျန်းမာရေး၊ စားဝတ်နေရေး အဆင်မပြေမှု အခက်အခဲများဖြင့် ရင်ဆိုင် နေရကြောင်းနှင့် အဆိုပါ ကုန်ဈေးနှုန်းမြင့်တက်မှုကို ကျဆင်းစေရေး ချင်းပြည်နယ်အစိုးရအဖွဲ့မှ စီစဉ်နေကြောင်း သိရသည်။

 

တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA)တို့ တိုက်ပွဲများကြောင့် ပလက်ဝမြို့နယ်တွင် ထွက်ပြေးတိမ်း ရှောင်နေရသည့် စစ်ဘေးရှောင် ခုနှစ်ထောင်ကျော် ရှိကြောင်း သိရသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...