ဗန်းမောက်တွင် ရွေးကောက်ပွဲကာလ၌ ထူးခြားဖြစ်စဉ်များရှိခဲ့သော်လည်း ကန့်ကွက်လွှာတင်ပြမှု ယနေ့အထိမရှိ

ဗန်းမောက်တွင် ရွေးကောက်ပွဲကာလ၌ ထူးခြားဖြစ်စဉ်များရှိခဲ့သော်လည်း ကန့်ကွက်လွှာတင်ပြမှု ယနေ့အထိမရှိ
ယခုနှစ် နိုင်ဝင်ဘာ ၈ရက်ကကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် ဗန်းမောက် မြို့နယ်၌ ပြည်သူများ မဲပေးနေစဉ်
ယခုနှစ် နိုင်ဝင်ဘာ ၈ရက်ကကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် ဗန်းမောက် မြို့နယ်၌ ပြည်သူများ မဲပေးနေစဉ်

စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့နယ်တွင် ရွေးကောက်ပွဲကာလအတွင်း ထူးခြားဖြစ်စဉ်များ ဖြစ်ခဲ့သော်လည်း တရားဆွဲဆိုခြင်းနှင့် ကန့်ကွက်လွှာတင်ပြခြင်းများ ယနေ့အထိမရှိသေးကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အရာရှိ ဒေါ်သန်းသန်းမြတ်က ပြောသည်။

“ဟုတ်ဗန်းမောက်မြို့နယ်မှာတော့ ရွေးကောက်ပွဲဆိုင်ရာ ပစ်မှုပစ်ဒဏ်ဆိုင်ရာ တရာဆွဲဆိုမှုနဲ့ အခုလက် ရှိအထိ ရွေးကောက်ပွဲ ကန့်ကွက်လွှာတင်ထားမှုတွေ လုံး၀မရှိပါဘူး” ဟု ဗန်းမောက်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အရာရှိ ဒေါ်သန်းသန်းမြတ်ကပြောသည်။

အဆိုပါ မြို့နယ်အတွင်းတွင် ရွေးကောက်ကျင်းပနေစဉ်ကာလ၌ တံဆိပ်တုံးအတုဖြင့်မဲပေးမှုဖြစ်စဉ်များ ပေါ်ပေါက်ခဲ့ပြီး ယင်းဖြစ်စဉ်များနှင့်ပတ်သက်၍ တခြားမြို့နယ်တွင် တရားစွဲဆိုမှုများရှိခဲ့သော်လည်း အဆိုပါမြို့နယ်၌မူ စေ့စပ်ညှိနှိုင်းမှုများပြုလုပ်၍ တရားဆွဲဆိုခြင်း မလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

“ဗန်းမောက်မှာတော့ တံဆိပ်တုံးအတုနဲ့ မဲပေးခဲ့မှုဖြစ်ခဲ့တယ်။ ဒါပေမယ့် ကျွန်တော်တို့က ဘယ်သူ့ကိုမှ ဒုက္ခမရောက်စေချင်ဘူးလေ။ အဲတာကြောင့် စေ့စပ်ညှိနိုင်းရေးကော်မတီကနေ ညှိနိုင်းပြီး ပြေလည်ခဲ့ကြတယ်” ဟု ဗန်းမောက်မြို့နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ပြည်ထောင်စုအကျိုးဆောင်ပါတီမှ ကိုယ်စားလှယ်လောင်း ကိုလှိုင်ဘွားက ပြောသည်။

ဗန်းမောက်မြို့နယ်၏မဲဆန္ဒနယ်အသီးသီးတွင် ကိုယ်စားလှယ်လောင်း ၂၂ ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြည်သူလွှတ်တော်တွင် ခြောက်ဦး၊ အမျိုးသားလွှတ်တော်တွင် သုံးဦးနှင့် တိုင်းဒေသကြီး သိုမဟုတ် ပြည်နယ်လွှတ်တော်တွင် ၁၃ ဦး ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်းသိရသည်။

ယင်းမြို့နယ်တွင် ယခုနှစ်ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ခုနှစ်သောင်းတစ်ထောင်ကျော်ရှိပြီး မဲရုံ ၁၁၁ ရုံဖွင့်လှစ်ခဲ့ ဆန္ဒမဲပေးသူ ငါးသောင်းခြောက် ထောင်ကျော်ရှိကြောင်း သိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...