NLD မှ လွှတ်တော်ကိုယ်စားလှယ်လောင်းများ သတ်မှတ်ထားသော ရွေးကောက်ပွဲစရိတ်ထက်ပိုသုံးခဲ့ဟု CNLD အထွေထွေအတွင်းရေးမှူးစွပ်စွဲ

NLD မှ လွှတ်တော်ကိုယ်စားလှယ်လောင်းများ သတ်မှတ်ထားသော ရွေးကောက်ပွဲစရိတ်ထက်ပိုသုံးခဲ့ဟု CNLD အထွေထွေအတွင်းရေးမှူးစွပ်စွဲ

NLD မှ ကိုယ်စားလှယ်လောင်းများ သတ်မှတ်ထားသည့် ရွေးကောက်ပွဲစရိတ်ထက် ပိုသုံးခဲ့ကြောင်း ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (CNLD) အထွေထွေအတွင်းရေးမှူး ဆလိုင်းကျဲအိုဘိခ်ထောင်းက စွပ်စွဲပြောကြားခဲ့သည်။

အဆိုပါ ကိုယ်စားလှယ်လောင်းများ ရွေးကောက်ပွဲစရိတ်ပိုသုံးမှုနှင့်ပတ်သက်၍ ၎င်းအနေဖြင့် သက်သေပြနိုင်ခြင်း မရှိကြောင်း၊ ယင်းသို့သက်သေမပြနိုင်ခြင်းသည် ငွေယူခဲ့သည့် ရွာသားများသက်သေအဖြစ်ထွက်ဆိုမှုမရှိခြင်း ကြောင့်သာဖြစ်သည်ဟု ဆလိုင်းကျဲအိုဘိခ်ထောင်းက ဆိုသည်။

ချင်းပြည်နယ်တွင် NLDမှ ကိုယ်စားလှယ်လောင်းများအနေဖြင့် ရွေးကောက်ပွဲအနိုင်ရရှိစေရန် ငွေပေးစည်းရုံးမှု များ လုပ်ဆောင်ခဲ့သည်ဟု ဆလိုင်းကျဲအိုဘိခ်ထောင်းက ယူဆလျက်ရှိသည်။

“ပါတီကလည်းလက်ရှိအာဏာရပါတီလည်းဖြစ်တယ်။သူဌေးတွေ၊တင်ဒါသမားတွေအင်အားပြည့်ဝန်းရံတာငွေလှူတာနည်းတာမှမဟုတ်တာ။ ချင်းပြည်နယ်မှာ NLDကိုယ်စားလှယ်တွေတစ်ဦးချင်းကို သိန်းတစ်ရာကျော်သုံးကို သုံး တယ်။ တခုပဲသက်သေထွက်ဆိုခိုင်းရင်လူမရှိတဲ့ပြသနာပဲရှိတာ။ ငွေယူထားတဲ့ရွာသားတွေက ဘယ်ထွက်ဆိုပါ့မ လဲ” ဟုဆလိုင်းကျဲအိုဘိခ်ထောင်းကပြောသည်။

ရွေးကောက်ပွဲ အသုံးစရိတ်များအဖြစ် NLDကိုယ်စားပြု၍ ထန်တလန် မြို့နယ်အမျိုးသားလွှတ်တော်တွင် ယှဉ်ပြိုင်သည့် ဒုတိယသမ္မတ ၂ ဦးဟင်နရီဗန်ထီးယူက ကျပ်သိန်း ၇၀ ကျော် (၇၁၄၆၈၉၀) နှင့် ဖလမ်းမြို့နယ်ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် အမှတ် ၂ တွင် ယှဉ်ပြိုင်ခဲ့သည့်လက်ရှိချင်းပြည်နယ်ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ်က ကျပ်သိန်း ၆၀ ကျော် (၆,၆၁၂,၈၄၀) ရှိကြောင်း သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်သို့ တင်ပြထားပြီး ထိုတင်ပြထားသည့် အသုံးစရိတ်များကို လက်ခံနိုင်ခြင်းမရှိဘဲ ထိုစားရိတ်ထက်များနိုင်သည်ဟု ၎င်းက ပြောသည်။

ထို့ပြင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ချင်းပြည်နယ်ဥက္ကဌ ဒေါက်တာမှုထန်ကလည်း ရွေးကောက်ပွဲတွင် ၎င်းအနေဖြင့် ယခုနှစ် မရှုံးသင့်ဘဲ ရှုံးနိမ့်ခဲ့ရခြင်းဖြစ်ပြီး မဲသမာများရှိသဖြင့် တိုင်တန်း တိုင်တန်းထား သည်ဟု ဆိုသည်။

“ရှင်းရှင်းပြောရရင်တော့ ကျွန်တော်ရှုံးမယ်လို့မထင်ဘူး။ဒါပေမယ့်ရှုံးတာပဲ။ မှန်းတဲ့အတိုင်း လုံးဝဖြစ်မလာပါဘူး။ အများကြီးအပြောင်းအလဲဖြစ်သွားတယ်။ ဒါက ငွေကစားလို့ဖြစ်မှာပေါ့။ဒါကတော့ ရှာရင်တော့ အများကြီးရှိပါ တယ်။  မသမာမှုရှိတာကတော့အမှန်ပဲ” ဟု ၎င်းက ပြောသည်။

ချင်းပြည်နယ်၏ မဲဆန္ဒနယ် ၃၉ ခုတွင်တစ်သီးပုဂ္ဂလအပါအဝင် နိုင်ငံရေးပါတီ ၁၁ ပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၇၁ ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး NLD က ၃၆ နေရာ၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်က နှစ်နေရာ၊ CNLD က တစ်နေရာ အနိုင်ရှိခဲ့ခြင်းဖြစ်သည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...